Unicode
Taehyung ပြေးလွားနေခဲ့တယ် သူအတက်နိုင်ဆုံးမြန်အောင်ပြေးနေပေမဲ့ သူ့နောက်က မကောင်းဆိုးဝါးကြီးဟာသူနဲ့နီးတထပ်နီးလာခဲ့တယ်.....taehyung ပြေးလွန်း၍ ပြေးစရာမြေမရှိတော့မှသာ ရပ်လိုက်မိတယ်....သူ့ရှေ့မှာချောက်ကမ်းပါးသာရှိနေပြီး အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ လှည့်ပြေးမည်အလုပ် မကောင်းဆိုးဝါးကြီးကသူ့ရှေ့၌ပေါ်လာတော့သည်....ညဘက်ဖြစ်၍အမှောင်ဘက်ကျနေပြီး ထိုမကောင်းဆိုးဝါးမျက်နှာအားသူမမြင်ရပေ....သေချာတာကတော့ ဝံပုလွေတစ်ကောင် သတ်ဖြတ်ရန်ဆန္ဒပြင်းပြနေတဲ့ဝံပုလွေတစ်ကောင်.....
"အားးးး!!"
"Taehyung!"
Jungkook ရဲ့အသံကြောင့် taehyung အိမ်မက်ထဲက နိုးလာခဲ့တယ်...jungkook ကသူ့အားစိုးရိမ်တကြီးကြည့်နေတယ်.....
"အိမ်မက်ဆိုးထပ်မက်ပြန်ပြီလား"
Taehyung ခေါင်းငြိမ့်ပြလိုက်တော့ jungkook ကသူ့အားဖက်ကာနှစ်သိမ့်ပေးတယ်....သူ jungkook ရဲ့ phromones များကိုရှုကာ သူ့ကိုယ်သူထိနိးချုပ်လိုက်တယ်....jungkook ကသူ့အားဆက်အိပ်ရန်အကြံပြုခဲ့တယ်......
"အခုမှမနက် 3 နာရီပဲရှိသေးတယ် အိပ်လိုက်ဦး"
"ငါ့ကြောင့်မင်းအိပ်ရေးပျက်ရောပေါ့"
"ကိုယ် tae ကိုဒီအတိုင်းလေးဖက်ထားပေးမယ်..tae လည်း ကိုယ့်ရင်ခွင်ထဲမှာပဲအိပ်လိုက်"
"မနက်ရောက်ရင်မင်းနာနေမှာပေါ့ ပြီးတော့..."
"ရူး..honey ကိုယ်အရမ်းအိပ်ချင်နေပြီ"
Taehyung လည်းသက်ပြင်းတစ်ချက်ချကာ jungkook ရင်ခွင်ထဲ၌ အိပ်ပျော်ရန်ကြိုးစားသော်ငှားမရပေ...jungkook ကသူကြောက်မှာစိုး၍ ညမီးအိမ်လေးကိုပင်ထွန်းထားသည်..jeon မင်းကငါ့အပေါ်အရင်ကထက်ကောင်းလာသလို..ငါကလည်း jeon ဆိုတဲ့နာမ်စားလေးကိုသဘောကျလာတယ်....အဲ့ဒီနောက်မှာတော့ taehyung ကိုယ့်ဦးနှောက်ကိုသာသုံးကာသူ့မက်တဲ့အိမ်မက်ကိုစဥ်းစားနေတော့သည်...ဘာလို့ဆိုသူ့ system ကသုံးစားမှမရပဲလေ....
မနက်ရောက်သည်အထိ taehyung အိပ်မပျော်ခဲ့ပါ သူအိပ်မည်ကြံတိုင်း ထိုဝံပုလွေကောင်ရဲ့မျက်ဝန်းတွေဟာသူ့အားအိပ်မရအောင်လုပ်နေသလိုပင်ဖြစ်နေသည်...ဒါကအထူးဆန်းကြီးတော့ မဟုတ်တော့ပေ ဘာလို့ဆိုသူအိပ်ရေးပျက်ရပေါင်းလည်းများနေပြီဖြစ်သည်....
