Unicode
Taehyung မနက်နိုးလာတိုင်း jeon ကသူ့ဘေးမှာရှိနေပြီး နွေးထွေးစွာထွေးဖက်ထားတယ် ...taehyung မနက်စာစားတိုင်း jeon ကသူ့ဘေးမှာရှိနေတယ်...taehyung နေ့လည်စာစားတိုင်း jeon သူ့ဘေးမှာရှိနေတယ်....ညနေတိုင်း jeon ကသူနဲ့အတူလမ်းလမ်းလျှောက်ပေးပြီး ညစာစားတိုင်းသူ့ဘေးမှာရှိတယ်...ညအိပ်ရာဝင်ချိန်ရောက်တိုင်း jeon ကသူ့ဗိုက်ထဲက ကလေးကိုစကားပြောပြီး သူ့ကိုအမြဲနမ်းပြီးမှအိပ်တယ်.....နေ့တိုင်း jeon ကသူနဲ့ဆေးခန်းသွားပြတယ်...
"စိတ်အရမ်းလှုပ်ရှားနေတာလား"
"........."
"ကလေးရဲ့နှလုံးခုန်သံကိုအရင်နားထောင်ကြတာပေါ့"
ဒုတ်ဒုတ်!ဒုတ်ဒုတ်!
"ကြည့်ရတာ အမွှာထင်တယ်"
ဆရာဝန်ရဲ့စကားကြောင့် taehyung မျက်လုံးပြူးသွားတော့တယ်.....
"အ..အမွှာ"
"ထပ်ပြီး congratulations ပါ Mr. Jeon"
"Oh!ဒါမျိုးကရှားတယ် အမွှာတွေကများသောအားဖြင့် မိန်းကလေးနှစ်ယောက် ယောက်ျားလေးနှစ်ယောက်ဆိုပေမဲ့ ဒီတစ်ခေါက်ကတော့ ယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်ဖြစ်ပုံပဲ"
Taehyung ကတော့အမွှာဆိုတာနဲ့ကို သူ့မျက်လုံးဟာပြူးကာမေ့ချင်ချင်ဖြစ်သွားသည်....jungkook ကတော့ taehyung လက်တစ်ဖက်အားဆုပ်ကိုင်ကာအံ့သြပျော်ရွင်နေဟန်ပေါ်သည်....တကယ်ပါပဲသူမမွေးရတိုင်း...သူကလေးမွေးတာကိုမြင်ဖူးသည်..သူ့ရဲ့ချစ်သူငယ်ချင်းရဲ့မိန်းမဖြစ်သူကလေးမွေးတော့ သူ့သူငယ်ချင်းကခရီးထွက်ကာသူ့လက်ထဲအပ်ထားသည်မို့ ကလေးမွေးခန်းထိလိုက်ပါသွားရသည် သူမကအလွန်နာကျင်၍ သူ့လည်ပင်းကြောများထောင်သည်အထိအော်ဟစ်ကာ သူ့ဆံပင်အားဆွဲဆုပ်ထားပြီး..ကလေးမွေးပြီးချိန်မှာတော့ သူမတစ်ကိုယ်လုံးဟာချွေးများနဲ့စိုရွဲကာသူမလက်မှာလည်းသူ့ဆံပင်အချို့ကနေရာယူလို့နေသည် သူမကပြုံးကာသူမကလေးအားကြည့်နေပေမဲ့ သူကတော့ခေါင်းတစ်ခုလုံးထုံထိုင်းကာ အချို့အရာများပင်မေ့သွားခဲ့သည်.....
'System ဆုတ် မင်းပြောတော့ taehyung ကကလေးပဲရတာဆို အမွှာလို့မှမပါတာ'
