"ဒီနေ့ချိန်းထားတာတွေ ရှိသေးလား? မရှိတော့ရင် ကျွန်တော် အိမ်ပြန်တော့မယ်"
Laptopကို ပိတ်ကာ မျက်နှာချင်းဆိုင် အခန်းထောင့်ရဲ့ စားပွဲမှာထိုင်နေတဲ့ ကျွန်တော့အတွင်းရေးမှူး
တစ်ဖြစ်လည်း..ငယ်ငယ်ကတည်းက ထိန်းကျောင်းခဲ့ပါသော
ဦးလေးကြီးအား မေးလိုက်သည်။"4နာရီထိုးရင်တော့ ချိန်းထားတာတစ်ခုရှိသေးတယ်လေ သား၊ စပ်တူprojectအသစ်အတွက် ဆွေးနွေးဖို့ကိစ္စ"
"အဲ့ဒါကို ကျွန်တော်မေ့နေတာ..ဒါနဲ့သွားတွေ့ရမယ့် သူက?"
ဖေဖေကျန်းမာရေးကောင်းစဉ်က အစချီခဲ့တဲ့ လုပ်ငန်းတစ်ခုမို့
တစ်ဖက်မှ စပ်တူရှယ်ယာရှင်သည် မည်သူမှန်းကျွန်တော်
မသိသေး။ဦးလေးကြီးရဲ့ အဖြေကိုစောင့်ရင်း ကော်ဖီခွက်ကိုယူကာ သောက်လိုက်သည်။
"Hwang Hyunjinတဲ့..အသက်ကတော့ သားနဲ့ ရွယ်တူလောက်ပါပဲ၊ သူလည်းသူ့အဖေလုပ်ငန်းတွေကို အမွေဆက်ခံတာလို့ ကြားတယ်"
လက်ထဲမှ ကော်ဖီခွက်ကိုပင် ခုံပေါ်ပြန်ချမိသည်။
သာမန်ထက်ပိုလွန်သောအရှိန်ကြောင့် အနည်းငယ်ဖိတ်စင်
သွားသော ကော်ဖီတွေကိုလည်း အရေးမစိုက်အား။Hwang Hyunjin
ဒီနာမည်ကို ကျွန်တော်မရေရွတ်မိတော့တာ ဆယ်စုနှစ် တစ်ခုနီးပါးပင် ရှိတော့မည်။နာမည်တစ်ခုသာမက..နာမည်ပိုင်ရှင်ပါ ကျွန်တော့ဘဝထဲက ထွက်သွားခဲ့ပြီးပြီမလား။
8နှစ်ဆိုတဲ့ နှစ်ကာလရှည်တစ်ခုကြာမြင့်ပြီးကာမှ သူနဲ့ ပြန်ဆုံကြရတော့မှာလား...။
အကျင့်မကောင်းသော ကံကြမ္မာရဲ့ ပြန်လည်ခေါ်ယူမှုကြောင့်
ကျွန်တော့ဘဝထဲ တစ်ဖန်ပြန်ရောက်လာသည့် နာမည်လေး
တစ်ခုသည် မေ့ပျောက်ခဲ့ပြီးသောအတိတ်တစ်ခုဆီ အစချီပြန်သည်။ထိုအတိတ်သည် အခြားမဟုတ်၊
ပွင့်ဖူးဝေခါစ ဆယ်ကျော်သက်အရွယ်၏ မလှပသော လမ်းခွဲခြင်းတစ်ခုသာ..။ကျွန်တော့မှတ်ဥာဏ်တွေ မဝေဝါးသေးဘူးဆိုလျှင်
မှတ်မှတ်ရရ ကျောင်းမဖွင့်ခင် တစ်လအလိုလောက်ဖြစ်မည်။
YOU ARE READING
Love Again • 황승
FanfictionCommission work "ထားသွားခဲ့မိလို့ တောင်းပန်ပါတယ် Min.. ဒီတစ်ခါတော့ ဘာအကြောင်းကြောင့်နဲ့မှလက်လွှတ်ခံတော့မှာ မဟုတ်လို့ ငါ့ကို ထပ်ပြီးချစ်ပေးပါလား?" "ထားသှားခဲ့မိလို့ တောင်းပန်ပါတယ် Min.. ဒီတစ်ခါတော့ ဘာအကြောင်းကြောင့်န့ဲမှလက်လွှတ်ခံတော့မှာ မဟုတ်လို့ ငါ...