2

405 61 0
                                    

မမျှော်လင့်ထားသော မနက်ခင်းတစ်ခုတွင်ကြားလိုက်ရတဲ့ သတင်းက ကျွန်တော်သူနဲ့ခရီးထွက်ရမယ်တဲ့လေ။

ဒီစပ်တူလုပ်ငန်းရဲ့ တတိယလူသည် ကျန်းမာရေးအကြောင်း
တစ်ခုကြောင့် ဒီကိုမလာနိုင်တော့တာမို့ လူငယ်ဖြစ်သည့် ကျွန်တော်တို့ကပဲ သူရှိရာဆီ သွားရမည်။

အမှန်တိုင်းပြောရလျှင် ကျွန်တော်ဒီခရီးကိုမသွားချင်ပါ။
သူနဲ့အတူထွက်ရမယ့် ခရီးဖြစ်တာကတစ်ကြောင်း၊
ဒီကကုမ္ပဏီကိုလက်လွှဲခဲ့ဖို့ စိတ်မချသည်ကတစ်ကြောင်း။

သို့သော်..ကုမ္ပဏီစီးပွားရေးသည် ပိုအရေးကြီးသည်။
ပုဂ္ဂိုလ်ရေးရာခံစားချက်အချို့ကို ကုမ္ပဏီအကျိုးထက်
ဦးစားမပေးသင့်ဟု အခုချိန်မှာကျွန်တော်လက်ခံထားသည်။

ကုမ္ပဏီကို ယာယီလက်လွှဲခဲ့ဖို့ကိုတော့ မမကိုပဲ
အပူကပ်ရတော့မယ်။ သူ့မိသားစုနှင့်သူဖြစ်နေတဲ့သူမို့ အလုပ်မပိုစေချင်ပေမဲ့ အရာအားလုံးကိုယုံကြည်စွာ အပ်နှံခဲ့ဖို့ဆို သွေးသားရင်းချာဖြစ်တဲ့ မမကိုသာ ကျွန်တော်ယုံသည်။

ဒီလိုနှင့် တစ်ပတ် သို့မဟုတ် ဆယ်ရက်မျှကြာမြင့်မည့် နိုင်ငံခြားခရီးစဉ်တစ်ခုအတွက် စီစဉ်စရာရှိတာကို စီစဉ်ရတော့သည်။

⁀➷

လတစ်ခု၏ တတိယပတ်..ရက်စွဲတစ်ခုတွင် luggage ကိုယ်စီနှင့် လေယာဉ်ကွင်းတွင်ထပ်ဆုံဖြစ်ကြသည်။

"Min..ရလား ငါသယ်ပေးမယ်လေ.. ပေး"

သို့သော် ခဲရောင်luggage​လေးအား လာဆွဲသည့်လက်သည် လိုရာခရီးမရောက်ခင် တားဆီးခြင်း
ခံရသည်။

"ငါ့ဘာသာ ဆွဲနိုင်တယ်"

လေသံတစ်ခုသည် စကားလုံးတို့၏ နက်နဲခြင်းကို ပို၍သိပ်သည်းစေနိုင်ပါသလား..။

သေချာတာကတော့ လက်ကမ်းသူကောင်လေးသည် အပြုံးမမည်သောအပြုံးနှင့်အတူ ခေါင်းအသာညိတ်ရင်း တိတ်ဆိတ်သွားခဲ့သည်။

လေယာဉ်ပေါ်မတက်ခင်အထိ Seungminအသံမာမာတို့
ဖြင့် အကြိမ်ကြိမ်တုန့်ပြန်မိသည်။
အဘယ်ကြောင့်ဆိုသော်..ပြတ်ဆဲပြီးသားလူတစ်ယောက်၏
ဂရုစိုက်မှုတို့ကို ခံပြင်းသောကြောင့်။

Love Again • 황승Where stories live. Discover now