3

358 50 5
                                    

"Morning Seungmin"

"Morning" မျက်နှာချင်းဆိုင်အခန်းယူထားတာမို့ မိမိအခန်းထဲကထွက်လာတာနဲ့ Hyunjinနဲ့ဆုံသည်။

ဝတ္တရားတစ်ခုအနေဖြင့် မနက်စာအတူသွားစားဖို့ သဘောတူမိသည်။
မနက်ခင်းကို ပေါ့ပေါ့ပါးပါးကော်ဖီသောက်ရင်းသာ ဖြတ်သန်း
ချင်တာမို့ တစ်လမ်းကျော်မှ caféတစ်ခုဆီ..။

"ဘာများသုံးဆောင်ချင်ပါသလဲရှင်?"

"Hot chocolate နဲ့ americano တစ်ခွက်....."

ပြောပြီးမှသတိရသည်၊ အာ..ထပ်ပြီး အမှားလုပ်မိပြန်ပြီ
ဘာလို့သူ့အတွက်ပါ မှာပေးမိပါလိမ့်

ဘေးကသူ့ကိုကြည့်တော့လည်း စပ်ဖြီးဖြီး
အား မုန်းဖို့ကောင်းလိုက်တာ!

"ငါ့အတွက်ပါ မှာပေးတာ ကျေးဇူးပဲ"

သူပြောတဲ့စကားကို လျစ်လျူရှုကာ
ကောင်တာပေါ်တင်ပေးလာတဲ့ ကော်ဖီခွက်ကိုသာ ယူပြီး
နေအပူနွေးနွေးရတဲ့စားပွဲတစ်ခုဆီ ထွက်လာလိုက်တယ်။

အခုထိ လိုက်မလာသေးတဲ့သူ့ကို ပြန်လှည့်ကြည့်မိတော့
အနောက်တိုင်းသူ baker ​လေးနဲ့ဘာတွေ ပြောနေလဲ မသိ..ရုပ်ကိုက ပြုံးစိစိနဲ့။

သူ့ကိုဆက်မစောင့်တော့ဘဲ အပြင်ကိုငေးရင်းမောရင်း hot chocolateကိုသာ သောက်နေလိုက်တော့သည်။
ခဏကြာတော့ စားပွဲပေါ်ပန်းကန်ခပ်ငယ်ငယ်လေးတစ်ခုကို
ချကာ ကျွန်တော့အရှေ့တွင်ဝင်ထိုင်လာသည်။

"မင်းအတွက်.. ကြိုက်တယ်မလား?" ပန်းကန်ပေါ်ကို ကြည့်လိုက်တော့ Green tea bon delicieux cakeလေး။

"သူများမှာထားပြီးသားဆိုလို့ bakerလေးကိုတောင် မျက်နှာ
ချိုသွေးလိုက်ရသေးတယ်"

ဘာကြောင့်ရယ်မသိ..အခုလိုပြောလာတော့မှ ကိတ်မုန့်က ပိုစားကောင်းသွားသလို။

သဝန်တိုတာ? ဟင့်အင်း ကျွန်တော်ကဘာလို့သဝန်တိုရမှာလဲ
သူနဲ့ကျွန်တော်က ဘာဆိုင်တာကျလို့။

အား..မုန်းလိုက်တာ
သူ့အကြိုက်တွေကိုမမေ့နိုင်သေးတဲ့ ကျွန်တော့ကိုယ်
ကျွန်တော်ရော၊ ကျွန်တော်သဘောကျတတ်တာလေးတွေကို သတိတရရှိနေသေးတဲ့ သူ့ကိုရော။

Love Again • 황승Where stories live. Discover now