အဖြူရောင်suitနှင့် လိုက်ဖက်စွာ အဖြူရောင်နက်ခ်တိုင်အားသေချာချည်ပြီးတဲ့နောက် အခန်းပြင်ကိုထွက်လာလိုက်သည်။
Hyunjinရဲ့အခန်းဆီသွားကာ တံခါးနှစ်ချက်ခေါက်ပြီး အသံပေးလိုက်သည်။ ငါးမိနစ်တိတိ စောင့်ပြီးသည်အထိ အရိပ်အယောင်ပင်မမြင်ရ။
"Hwang Hyunjin?Mr.Jungဆီသွားရမယ်လေ"
"အာ..လာပြီ လာပြီ"
ခဏကြာတော့ တံခါးပွင့်လာပြီးထွက်လာတော့သည်။ အိပ်ယာထနောက်ကျလို့များလား? ပုံစံမှာကပိုကရိုဖြစ်နေသည်။
သေချာမချည်ထားသော အနက်ရောင်နက်ခ်တိုင်က ကြည့်ရအဆိုးဆုံး။ ဒီပုံစံနဲ့သွားရင်တော့ အဆင်မပြေ။
ဘာမှပြောမနေတော့ဘဲ နက်ခ်တိုင်ကိုပြင်ပေးလိုက်သည်။ သူကတော့ ကျွန်တော့ကိုမျက်တောင်ခတ်ခြင်းမရှိဘဲ စိုက်ကြည့်နေ၏။
သူအဲ့လိုကြည့်နေမှပဲ အနေခက်လာတော့သည်။ မနေ့ကဖွင့်ပြောခံခဲ့ရတာကိုလည်း ပြန်မြင်ယောင်လာသည်။ အနေခက်သလိုလို ရှက်သလိုလိုပင်။
"မှတ်မိသေးလား Seungmin? အရင်တုန်းကလည်း ကျောင်းမှာကိစ္စတစ်ခုခုရှိလို့ ဝတ်စုံပြည့်ဝတ်ရတိုင်း အမြဲတမ်းနက်ခ်တိုင်ကို မင်းပဲပြန်ပြင်ပေးရတာလေ"
ကျွန်တော်မှတ်မိနေပါသေးသည် ထိုနေ့ရက်တွေကို။
သူကကျောင်းသားခေါင်းဆောင်မလို့ တစ်ခါတရံ
စတိတ်စင်ပေါ် တက်ရတဲ့အခါ စင်နောက်ကို အပြေးလေးသွားတာ သူ့နက်ခ်တိုင်ကိုအမြဲပြင်ပေးခဲ့ဖူးသည်။"ငါအမြဲလုပ်ပေးနေလို့ အပျင်းတစ်ပြီးသေချာမချည်တာမလား?" ရယ်ရင်းထွက်သွားသောစကားတို့ကြောင့် ခဏတာလောက် အရင်အချိန်လေးလိုခံစားလိုက်ရသည်။
"ငါ့နက်ခ်တိုင်လေးကြည့်ကောင်းနေအောင် ချည်ပေးဖို့အတွက် ငါ့အနားအမြဲရှိနေပေးပါလား?"
"သွားစို့ Hyunjin နောက်ကျရင်မကောင်းဘူး"
စကားလွှဲကာထွက်လာခဲ့လိုက်သည်။ အမှန်တိုင်းပြောရရင် ကျွန်တော်လည်းအရင်အချိန်တွေကို ပြန်ရောက်ချင်ပါသည်။ သို့သော် မိမိအားမချစ်တော့ဘူးပြောကာ ထားသွားတဲ့သူတစ်ယောက်က နှစ်ပေါင်းများစွာကြာပြီးပြန်တွေ့လို့ ပြောလာတဲ့ချစ်တယ်ဆိုတဲ့ စကားကိုကျွန်တော်မယုံရဲဘူး။
YOU ARE READING
Love Again • 황승
FanfictionCommission work "ထားသွားခဲ့မိလို့ တောင်းပန်ပါတယ် Min.. ဒီတစ်ခါတော့ ဘာအကြောင်းကြောင့်နဲ့မှလက်လွှတ်ခံတော့မှာ မဟုတ်လို့ ငါ့ကို ထပ်ပြီးချစ်ပေးပါလား?" "ထားသှားခဲ့မိလို့ တောင်းပန်ပါတယ် Min.. ဒီတစ်ခါတော့ ဘာအကြောင်းကြောင့်န့ဲမှလက်လွှတ်ခံတော့မှာ မဟုတ်လို့ ငါ...