part 24 z&u

484 83 16
                                    

Zawgyi

Gun~7လလောက်ဝေးကွာသွားခဲ့သော လေဆိပ်မြေကို
ခြေချလိုက်တာနဲ့ ဆိုင်းဘုတ်ကြီးနဲ့Micky Mouse
ရုပ်ကြီး ကိုင်ထားသောNewကို ထင်ထင်ရှားရှားတွေ့ရသည်။သူ့ဘေးမှာတော့ သူလူုကြီးTay~။ညတိုင်း Video callပြောနေကြမလို့ သူတို့ချစ်သူဖြစ်သွားပြီဆိုတဲ့အကြောင်းလည်း သိပြီးသွားပြီဖြစ်သည်။

သူတို့ဘေးနားမှာတော့ မားနဲ့Papii~။"Papiiကို
မပြောပါနဲ့"ဆို ဒါဟိုနှစ်ယောက်လက်ချက်ဘဲဖြစ်လိမ့်မည်။

Gunကိုတွေ့တာနဲ့ Tayလက်ထဲMicky mouseရုပ်ကြီးပစ်ထည့်ကာ အပြေးလာဖက်သောNewကြောင့် အနောက်လန်ကျမတတ်ဖြစ်သွားရသည်။သို့သော် အနောက်မှာရှိတဲ့ OabကGunကျောကုန်းကို ထိန်းပေးထားတာကြောင့်
တော်သွားသေးသည်။

"အူးးးးဝါးးး My baby Gun!!အရမ်းလွမ်းနေခဲ့တာ~
ပြန်လာပြီပေါ့~Mwah~mwah"

ပြောပြီး သူ့ကို ရင်ခွင်ထဲထည့်ကာ ခေါင်းကိုတမွမွနဲ့
ငုံ့နမ်းတော့သည်~။ခေါင်းတစ်ခုလုံး မြှုပ်နေတာကြောင့်
သူအသက်ရှူကျပ်မလိုတောင် ဖြစ်လာရသည်။

"Newရေ Gunလည်းအသက်ရှူကျပ်မှာပေါ့
လွှတ်လိုက်တော့နော်"

"လွှတ်ပါဘူး ကျွန်တော်သူငယ်ချင်းကိုအရမ်းအရမ်း
လွမ်းနေခဲ့တာ လွှတ်သေးဘူး mwah"

"HaHa~"

Newစကားကြောင့် Tayနဲ့Offမှလွဲ၍
အကုန်လုံးရီကြတော့သည်။

Gunကိုအတင်းဖက်ထားသောကောင်လေးကြောင့်
Tayကိုယ့်ဟာကိုယ် သဝန်တိုစိတ်ထက် ဘေးနားက နဂါးမျက်စောင်းအကြည့်ကို ပိုကြောက်ရသည်။"မင်း လူကိုမင်းဖယ်လိုက်"ဆိုတဲ့အကြည့်မျိုး။

"အဟင်း အဟဲ Newကလိမ်မာပါတယ်
ခုတော့ခဏလွှတ်လိုက်ဦးနော် Gunလဲပြန်သေးတာမှမဟုတ်တာ နောက်မှပြန်ဖက်ပေါ့"

ပါးစပ်ကလည်းပြော လက်ကလည်းNewရဲ့ခါးကိုကိုင်ကာ ကိုယ့်ဘက်သို့ပြန်ဆွဲခေါ်ရသည်။ထိုမှ သူ(New)ဖက်ထားတဲ့Gunက ဟောဟဲ ဟောဟဲဖြင့် အသက်ရှူနေတော့သည်~။

"ဟူး~~ငါလည်းအရမ်းလွမ်းပါတယ် Newရဲ့~ဒါနဲ့မားရော Papiiပါလာကြိုကြတာလား?ဟဲဟဲ ၆အဲ့လောက်မလိုပါဘူးဆို
ခုတော့အလုပ်ပိုရပြီ~"

MEANING OF FIRST LOVE...(Z/U)Where stories live. Discover now