part 23 z&u

474 68 10
                                    

Zawgyi

Gunရဲ့University lifeကတော့ Oabနဲ့အတူ
ပျင်းစရာရယ်လို့ မရှိပါ~။အဆောင်ကလည်းတူသည့်အပြင် ကျောင်းကလည်းတူတော့ အတူသွားအတူလာအတူစားပင်။နှစ်ယောက်အတူမရှိတဲ့ အချိန်ရယ်လို့ရှားသည်။

အရင်တုန်းက Oabကို"အရူးကောင်"လို့ထင်ခဲ့ပမယ့် အင်း~အခုလည်း အရူးကောင်ပါဘဲ~~။Oabကဘာစိတ်ဒုက္ခမှမရှိ ပေါ့ပေါ့နေပေါ့ပေါ့စား ပေါ့ပေါ့သွားသည့် အရူးကောင်ပင်~~။သူကိုယ်တိုင်တင်မကဘဲ Gunကိုပါ ပျော်စရာတွေဖန်တီးပေးသည်။

ဒါကြောင့် Papiiကို သတိရချိန်ကတော့နည်းလာခဲ့သည်။
ဒါလည်းကောင်းပါတယ်။Gunပြန်လာတဲ့အချိန် Papiiစိတ်မရှုပ်ရတော့ဘူးပေါ့~~~။

ပြန်လာတဲ့အချိန်ဆိုလို့ နောက်တစ်ပါတ်လောက်ကျရင် Uniကပိတ်ရက်ပေးမည့်နေပင်~~။ဒီမှာဘဲလည်ရင်
ကောင်းမလား?။ဟိုကို ပြန်ရင်ကောင်းမလားဖြင့် Gunစိတ်နှစ်ခွဖြစ်နေသည်။

"Hey~~Gun~ဘာတွေတွေးနေတာလဲ?
အိမ်ကိုလွမ်းလို့လား?"

"အင်း~အဲ့ဒါကနည်းနည်းပေါ့~နောက်တစ်ပါတ်
ပိတ်ရက်ကျရင် ဘယ်သွားရမလဲတွေးနေတာ~~Oabရော?"

"အော်~အဲ့ဒါလား~ကိုယ်ကတော့ ဘန်ကောက်က
အပန်းဖြေအိမ်ကို ပြန်မယ်~~Gunလည်းလိုက်ခဲ့လေ~
အတူတူအနားယူကြမယ်~"

Oabဆုံးဖြတ်ချက်ကတော့ ပေါ့ပေါ့ပါးပါးပင်~~။
Gunလည်း ဘန်ကောက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။

"အင်း~အာ့ဆို ငါလည်းအိမ်ပြန်မယ်~~ပြီးရင်မင်းနဲ့
ဘန်ကောက်လိုက်ခဲ့မယ်~~"

"hrr~~နင်တို့နှစ်ယောက်ကအိမ်ပြန်တော့ ဒီမှာငါ
တစ်ယောက်တည်းကျန်ခဲ့တော့မှာပေါ့ မရဘူး!ငါလည်းလိုက်မယ်"

ဒါကတော့ Gunတို့ရဲ့နောက်ထပ်သူငယ်ချင်းမလေး
Alrisaa Maprangအသံပင်။လူမျိုးတူတာကြောင့် သုံးယောက်သားပေါင်းမိကြခြင်း~~။

[A/N: 
Alrisaa=အယ်လ်ရီဆာ လို့အသံထွက်မယ်
ထင်တယ်~~အမှားပါရင်တောင်းပန်ပါတယ်~~Oabနဲ့Gunအတွက်မစိုးရိမ်ကြပါနဲ့
Alrisaaဆိုတာ အပြင်မှာOabရဲ့ကောင်မလေးပါ~]

"မင်းကိုမခေါ်ပါဘူး~~ကိုယ်ကGunကိုဘဲ ခေါ်တာ~"

Oabစကားကြောင့် ရှေ့ကကောင်မလေးသည်
နှုတ်ခမ်းဆူပြီးစိတ်ကောက်နေမယ်~~မထင်ပါနဲ့~~~။

MEANING OF FIRST LOVE...(Z/U)Where stories live. Discover now