part 5 z&u

964 123 27
                                    

Zawgyi

တောင်တောင်~~~

နေ့လည်စာစားချိန်ရောက်တာကြောင့် Offအရင်လို
ကန်တင်းတန်းမသွားနိုင်ဘဲ KGတန်းဘဲထွက်လာခဲ့သည်~။
ကလေးတွေကထမင်းဗူးထည့်ရပြီး အခန်းထဲမှာဘဲစားကြ
ရသည်~။

Off~~KG B classအတွင်းသို့ချောင်းကြည့်မိသည်~။
Gunတစ်ယောက်ကတော့ ထောင့်နားမှာအသားဖြူဖြူဝဝ   ကောင်လေးတစ်ယောက်နဲ့အတူ ထမင်းဗူးဖွင့်ကာ တူတူစားနေသည်~~။

အံမယ်~အသားဖြူဖြူကောင်လေးက သူ့ဗူးထဲကမုန့်တွေကို   တောင်Gunထဲထည့်ပေးနေသည်~~။Offကိုယ့်ဘာသာ အလကားစိတ်ပူနေမှန်း ခုမှသိတော့သည်~~။

Gunဆိုတဲ့ကောင်လေးဟာ ဘယ်နေရာရောက်ရောက်
"မျက်နှာမြင်ချစ်ခင်ပါစေ"ဆိုတဲ့ဆုနဲ့ပြည့်တဲ့ကောင်လေးပင်~။

"ကဲ အပေါက်ဝကဖယ်ပါဦးKhun offရေ!မုန့်စားဆင်း
ချိန်က ၃၀မိနစ်ထဲနော်~~"

"Teacher sawadee krab"

Off ဆရာမလေးကို လက်အုပ်ချီပြီးနှုတ်ဆက်ကာ
အပေါက်ဝမှဖယ်ပေးလိုက်သည်~~။

"ဟာ~~Papii!!အင့်~~"

Offအသံကိုကြားလို့ထင်သည်~~။အခန်းထဲကပြေးထွက်
လာပြီး Offခါးကိုပြေးဖက်တွယ်လာသည်~~။

"ဟင့်~~လွမ်းနေတာ~~"

တကယ်ကို ရုပ်ပြောင်းရုပ်လွှဲတတ်တဲ့ကောင်လေးပါလေ~။
Offခါးကိုမလွှတ်ပေးဘဲ မျက်နှာလေးမော့ကာ ဝမ်းနည်းဖွယ်လေးပြောနေသည်~~။

သူတကယ်လွမ်းနေတယ်ပေါ့~~။

ဟုတ်ပါတယ်~~။သူနဲ့Gunနဲ့က အိပ်ချိန်လေးဘဲခွဲဖူးတာ
ရှိသည်~~။ကျန်တဲ့အချိန်မှတော့ GunကOffအိမ်မှာ
အချိန်ပြည့်ရှိနေကြပင်~~။

တင်းကျပ်စွာဖက်ထားတာကြောင့် Offလွှတ်ရန်ပြောရင်
ငိုသွားမှာဆိုး၍ အကျပ်ရိုက်နေရသည်~~။

"Gun~လွှတ်ဦး~~"

တုပ်တုပ်တောင် မလှုပ်ပေ~~။

"Gun~~ချိုချဉ်ပါတယ်လေ~~မစားဘူးလား?"

Offအရင်တုန်းကကလေးမချစ်တတ်တဲ့စိတ်နဲ့သာဆိုရင်
အတင်းဆွဲလွှတ်လို့ရပမယ့် Gunကိုတော့မလုပ်ရက် ပေ~~~။

MEANING OF FIRST LOVE...(Z/U)Where stories live. Discover now