P-1💔

2.5K 141 49
                                    

Unicode

"အု...အွန်း....''

မှောင်မဲတိတ်ဆိတ်သည့် အခန်းတခုထဲ၌ လျှပ်စစ်မီးလုံးဟူသည် တခုတည်းသာ ရှိ၏....

ထိုမီးရောင်ဖျဖျအောက်မှာတော့ ပါးစပ်ကို တိတ်နဲ့ပိတ်ထားပြီး တကိုယ်လုံး သံဆူးကြိုးတို့နဲ့ အချုပ်အနှောင်ခံထားရသည့် လူတဦးက ဇွတ်အတင်း ရုန်းကန်နေလျက်....

"Hk....ဆက်မရုန်းနဲ့တော့လေဗျာ....ဒီလိုနဲ့ သွေးထွက်လွန်ပြီး သေသွားမှ ကျွန်တော် မသတ်လိုက်ရဘဲ နေလိမ့်မယ်....''

အက်ရှရှ အသံပေးရင်း မီးရောင်အောက်ကို ဝင်လာသည့် ကောင်လေးက လက်ထဲမှာလဲ ခဲတံတချောင်းကို ကိုင်ထားသေး၏....

"အွန်း....အွန်း...''

တအွန်းအွန်းနဲ့ ရုန်းကန်နေပြန်သည့် ရှေ့ကလူသားကို ထိုကောင်လေးက စိတ်ပျက်သလို ကြည့်လိုက်ပြီး....

"အင်းပါ....နောက်ဆုံးအနေနဲ့ ပြောချင်တာလေး ပြောခွင့်ပေးမယ်....''

ထို့နောက် ထိုင်ခုံပေါ်မှလူသားရဲ့ ပါးစပ်ကတိတ်ကို ဇတ်ခနဲ ဆွဲခွာပစ်လိုက်သည်....

"အာ့...''

တိတ်နဲ့ပိတ်ခံထားရတာ အချိန်တော်တော်ကြာပြီမို့ ဆွဲခွာလိုက်တဲ့အချိန်မှာ အရမ်းကို နာကျင်ရသည်....သို့သော်လဲ ခုချိန်မှာ အရေးကြီးသည်က...

"မင်းဘာလိုချင်လို့လဲ....ပြောလိုက်!....ငါအကုန်ပေးနိုင်တယ်...."

ထိုလူသားစကားကြောင့် ကောင်လေးက မျက်ခုံးပင့်သည်....ထို့နောက်....

"Hk....အဟား....ဟားဟားဟား....''

ကျယ်လောင်သည့် ရယ်သံက အသံလုံအခန်းထဲမှာ ပဲ့တင်ထပ်လျက်....

"သေခါနီးတောင် မာနကထောင်တုန်း....OKလေ...ကျွန်တော်လိုချင်တာ ပြောမယ်....''

ကောင်လေးစကားကြောင့် အချုပ်ခံထားရသည့် လူသား၏ မျက်လုံးမှာ မျှော်လင့်ချက်ရောင်ခြည်တို့ လင်းလက်သွားရသည်....

တဖြည်းဖြည်း သူ့နားနားကို တိုးကပ်လာသူက....

"ကျွန်တော်လိုချင်တာက...........ခင် ဗျား နာ ကျင် တာ...... ''

PSYCHO BOY IS MINE(COMPLETED)Where stories live. Discover now