H-5💔

531 84 25
                                    

Unicode

Hoseokတယောက် လက်ထဲက အထုပ်ပေါင်းများစွာနဲ့အတူ passwordခလုတ်လေးတွေကို တလုံးချင်း နှိပ်လိုက်သည်....

ကလေးအိမ်က လာနေကျမို့ passwordပါ အလွတ်ရနေပြီဖြစ်သည်...ကလေးပြောပြထားတာ မဟုတ်ပေမဲ့လို့ ထိုကောင်လေး passwordနှိပ်တိုင်း ကြည့်မိထားတာမို့ အလွတ်ရနေခြင်း....

"J J J J S S S S"

ဤသို့ဖြင့် ရှစ်လုံးသော စာလုံးတို့ကို ရိုက်နှိပ်အပြီးမှာ အိမ်တံခါးလည်း Lockပြေသွားပြီဖြစ်သည်...

"အား....ညောင်းလိုက်တာ...''

အထုပ်တွေကို နေရာတကျထားပြီးသည့်နောက် သူခါးကို ဘယ်ညာလှည့်ပြီး အညောင်းဖြေလိုက်သည်....

ထို့နောက် ဟင်းချက်ဖို့အလုပ်ကို စတင်လုပ်လိုက်သည်...အချိန်အားဖြင့် ဝေလီဝေလင်း မနက်ငါးနာရီ....

ဒီနေ့ဟင်းအား Stewနဲ့အမဲသားကြော်ပြီး မနက်စာအတွက်တော့ spaghettiလုပ်ပေးဖို့ အစီအစဉ် သူ့မှာရှိနေ၏....

သေချာစိတ်နှစ်ပြီး ချက်ပြုတ်နေသည်မှာ အားလုံးပြီးသွားလို့ ချွေးတလုံးလုံး ဖြစ်နေသည်ကိုပင် ဂရုမစိုက်နိုင်သေးစွာ...

နာရီကြည့်လိုက်တော့ ခြောက်နာရီ....စောနေသေးတာမို့ အိပ်နေတဲ့ ကလေးကို သွားမနှိုးချင်သေး...ထို့ကြောင့် အိမ်သန့်ရှင်းရေး ဝင်နေလိုက်သည်....

ဖုန်စုပ်စက်နဲ့ ကြမ်းပြင်ထက် ဟိုဟိုဒီဒီရွှေ့ပြီး ဧည့်ခန်းက ပစ္စည်းတွေကိုလည်း သပ်ရပ်အောင် ပြန်ပြင်လိုက်သည်....

အားလုံးပြီးစီးတော့ ခြောက်နာရီခွဲ....ဒါလဲ စောသေးတာပဲ...ဟုတ်ပြီ....ထိုင်နေရမဲ့အတူတူတော့ အိပ်ပျော်နေတဲ့ ကလေးကိုပဲ သွားငေးကြည့်နေလိုက်မည်....

စိတ်ပိုင်းဖြတ်ကာဖြင့် ကလေးအခန်းထဲအား ဝင်ဖို့အတွက် သူလုပ်လိုက်သည်....အခန်းတံခါးလေးကို ဖြည်းဖြည်းချင်း ဆွဲဟရင်း ခြေသံလုံအောင်လျှောက်ပြီး ဝေ့ဝဲကြည့်လိုက်တော့....ကလေးနဲ့တူသည့် အရိပ်အယောင်ကို မတွေ့ရ.....

အိမ်ကိုလာနေကျဖြစ်တာမို့ ရဲရဲနီနေတဲ့ အိမ်အနေအထားက သူ့အတွက် သိပ်မဆန်းတော့တာ မှန်ပေမဲ့....ကလေးအခန်းထဲ အရောက်မှာတော့ တကိုယ်လုံးရှိ ကြက်သီးတွေက တဖြန်းဖြန်း ထတက်သွားရလေပြီ....

PSYCHO BOY IS MINE(COMPLETED)Dove le storie prendono vita. Scoprilo ora