💔 EXTRA 💔

800 90 54
                                    

Unicode

ဟိုလျှောက်လိုက် ဒီလျှောက်လိုက် လုပ်နေသည့်သူ့အား လေဆိပ်ကလူတွေ မျက်စိနောက်နေပြီလား မသိပေမဲ့ သူမမှုနိုင်ပေ...

"အာ့~ဘယ်သူ...''

ပြောလက်စ စကားတို့က ရပ်တန့်သွားရသည်...ရလိုက်သည့် ​ရေမွှေးနံ့ပြင်းပြင်းက သူတသက် မေ့နိုင်စရာမရှိသော တယောက်သောသူ၏ အကြိုက်ဆုံးတံဆိပ်...

"နာလား....''

အနောက်ကနေဖက်ပြီး နားဖျားကို ကိုက်လာတာကြောင့် ဆစ်ခနဲ နာကျင်သွားရသော်လည်း သူခေါင်းသာ အတွင်တွင် ခါပြမိသည်...

"လွမ်းနေရတာ Taehyungie....''

"ဟင့်ဟင့်~အကို!!!"

အကို့ဘက်ကိုလှည့်လို့ ရင်ခွင်ထဲ တိုးဝင်လိုက်တော့ သူ့ကိုလည်း အကိုက ခပ်တင်းတင်း ပွေ့ဖက်လာသည်...

"Taehyungieလဲ လွမ်းနေတာ...အများကြီးပဲ...''

"ဟုတ်လား...ဘယ်လောက်ထိများလဲ...''

"ဟွန့်...သိဘူး~''

"ဟားဟားဟား...''

စိတ်ကောက်သလို ပြောတော့ အကိုက အော်ရယ်လေ၏...ပေါ်ထွက်လာတဲ့ ပုလဲတန်းလို သွားသေးသေးလေးတွေကြောင့် အကိုဟာ သိပ်ကိုချစ်ဖို့ကောင်းနေပါရဲ့လေ...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"အကို...ထတော့...ခေါင်းနောက်နေမယ်...''

ပြန်ရောက်လာကတည်းက အိပ်နေတဲ့ အကိုကြောင့် သူနှိုးလိုက်တော့ အကိုက သူ့လက်ကို ဖမ်းဆွဲပြီး ရင်ခွင်ထဲ ထည့်လေသည်...

"Mwa*...ထတော့ဆို...''

ရင်ဘတ်ကို ဖိနမ်းပြီး ထပ်နှိုးမှ အကိုကပြုံးလို့ သူ့နဖူးအား ငုံ့နမ်းကာ ခေါင်းငြိမ့်ပြ၏...

"အကိုမျက်နှာသစ်ပြီးရင် ထွက်ခဲ့တော့နော်...Taehyungieနေ့လည်စာ ပြင်ထားတယ်...''

"အွန်း Babe...''

အပြင်ကိုထွက်ဖို့ လုပ်နေတဲ့ သူ့ခြေထောက်တွေက ရုတ်ချည်းရပ်တန့်သွားရသည်...အကိုသူ့ကို ဘယ်လိုခေါ်လိုက်တာ?...

အနောက်လှည့်ကြည့်လိုက်တော့ အကိုက ရေချိုးခန်းထဲ ဝင်သွားပြီဖြစ်သည်...ဝေ့ဝဲနေတဲ့ မျက်ရည်စတွေကို ဥပေက္ခာပြုလို့ သူရယ်သွမ်းမိပါ၏...

PSYCHO BOY IS MINE(COMPLETED)Onde histórias criam vida. Descubra agora