BOY-11💔

509 83 37
                                    

Unicode

မှောင်မိုက်မိုက် အခန်းတခုဝယ် နီကျင့်ကျင့်မီးဆိုင်းအောက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာတဲ့ ကောင်မလေးတယောက်...

"အ့...''

အတန်ငယ်လှုပ်ရှားလိုက်တာနဲ့ လက်ကောက်ဝတ်က တဆစ်ဆစ်နာကျင်မှုကြောင့် သူမရဲ့ လှပပြေပြစ်သည့် မျက်နှာငယ်ဟာ ရှုံ့မဲ့လျက်...

"နိုးလာပြီလား...''

သူမရဲ့ရှေ့တည့်တည့်ကို ဝင်ထိုင်လာသည့် ကောင်လေးတယောက်က ကော်ဖီဘူးတဘူးကို ကိုင်ထားပုံရသည်...

အလင်းမှိန်တာရော...မိမိအမြင်အာရုံ ဝေဝါးနေတာကြောင့်ရော ရုပ်ကိုတော့ သေချာမမြင်ရ...

"ရှင်ဘယ်သူလဲ...."

"Hk..."

Jungkook ခပ်သဲ့သဲ့ ရယ်လိုက်သည်...ဘယ်သူမဆို နိုးလာတိုင်း ဒါအရင်မေးတာ....

"ငါဘယ်သူလဲ အရေးမကြီးဘူး...အွန်း...အရေးကြီးတာက မင်းမကြာခင် သေတော့မှာမို့လို့ နောင်ဘဝကူးတော့​ကောင်းပါရ​စေလို့ ဆုတောင်းထားဖို့..."

"ရှင်...ရှင်ကျွန်မကို ဘာလုပ်မလို့လဲ...အ့...''

ပြာယာပြာယာနဲ့ ရုန်းလိုက်တာကြောင့် လက်မှာချုပ်ထားတဲ့ သံဆူးကြိုးတွေကို ထိုမိန်းမမေ့သွားပုံပင်...အဲ့လိုနာကျင်နေတာ မြင်ရတော့ သူ့ရင်ထဲမှာ သောက်ရမ်းကျေနပ်မိသည်...

"သတ်မလို့ပါဆို..ငါကဘာလုပ်ရဦးမှာလဲ...''

ထိုင်ခုံနောက်ကို မှီချလိုက်ပြီး ခြေတဖက်ချိတ်ထိုင်ရင်း ပြောလိုက်တော့ ရှေ့ကမိန်းမရဲ့ ထိန်လန့်သွားတဲ့ မျက်ဝန်းတစုံအား လက်ဆောင်အဖြစ်ရသည်...

"တောင်း..တောင်းပန်ပါတယ်...အဲ့လိုမလုပ်ပါနဲ့နော်...ကျွန်မတို့ကြားမှာ ဘာရန်ငြှိုးမှ မရှိခဲ့ဘူးလေ...ပြီးတော့....ပြီးတော့ ကျွန်မက သိပ်မကြာခင်မှာ လက်ထပ်ရတော့မှာ...''

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် စီးကျရင်း ပြောလာသည့် ထိုမိန်းကလေးကြောင့် သူအော်ရယ်လိုက်သည်...အရမ်းတွေကို သဘောကျဖို့ကောင်းသည်...

"အဲ့လက်ထပ်ပွဲကို ဖျက်ချင်လို့ကိုသတ်မှာ!..."

သူ့ရဲ့ခပ်ကြိတ်ကြိတ်စကားအဆုံး ထိုမိန်းမ သည်းသည်းသန်သန် ငိုလေပြီ...

PSYCHO BOY IS MINE(COMPLETED)Onde histórias criam vida. Descubra agora