မိုးတွေရွာနေချိန် သေနတ်သံတစ်ချက်နဲ့အတူ သွေးအိုင်ထဲတွင် လဲကျနေသော
လူတစ်ယောက်...
သူ့ဘေးတွင် မိုးသံနဲ့အတူ
သည်းထန်စွာငိုကြွေးနေသော
ကလေးငယ်တစ်ယောက်။"မဟုတ်ဘူး... မဖြစ်နိုင်ဘူး
ထွက်သွားပေးပါ...
မဟုတ်ဘူးး...ထွက်သွား..
အားးးးးးးး"နောက်ဆုံးတော့ သူလန့်နိုးလာချေပီ။
ချွေးတွေကလည်း
တစ်ကိုယ်လုံးအပြည့်နဲ့ပင်။
ပြတင်းပေါက်ကိုဖွင့်လိုက်တဲ့
အချိန်မှာတော့ လှပတဲ့မနက်ခင်းရဲ့
နေရောင်ခြည်ဟာ ကိုယ်ပေါ်သို့
ဖြာကျလျက် သူ့အားနေ့တစ်နေ့တာအတွက် ကြိုဆိုနေသယောင်။မနက်ခင်းရဲ့လေပြည်ကို
တစ်၀ရှူရှိူက်ရင်း အားယူကာ
သူခေါ်လိုက်သည့် နာမည်ကား"Ju Hae Yoon"
ခေါ်ပီးသည်နဲ့ တစ်ပြိုက်နက်
သူရှေ့ ချက်ချင်းရောက်ချလာသော သူမ"အကိုလေး နိုးလာပီလား
ဟင်..ချွေးတွေလည်းရွဲနစ်နေပါ့လား
မဟုတ်မှ အိမ်မက်ဆိုး
ထပ်မက်ပြန်တာလားဟင်
အကိုလေးအဆင်ပြေရဲ့လား ""ကျစ်....
ဘာလို့ အဲ့လောက်တောင် မေးခွန်တွေ တန်းစီမေးနေရတာလဲ""မှားသွားပါတယ် အကိုလေး"
"အမြဲအဲ့လိုဘဲပြောနေသိလား"
"တောင်းပန်ပါတယ် "
"ငါရေချိုးဖို့ ရေနွေးသွားစပ်ပေးအုံး
မျက်နှာသစ်ဖို့အတွက်လည်း
လုပ်ပေးထား အကျီထုတ်ပေးဖို့လည်း
မမေ့နဲ့ မနက်စာပြင်ထား
နောက် 5 မိနစ်အတွင်းဆင်းလာခဲ့မယ်
အော်... မင်းကိုယ်တိုင် ပြင်ပေးနော်""ဟုတ်..ဟုတ်ကဲ့အကိုလေး"
နောက်ဆုံးစကားကို အနားကပ်ပီး မျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ
ပြောသွားတာကြောင့် hae yoon ခမျာ
ကြောက်ကြောက်လန့်လန့်နဲ့
စကားတွေပါထစ်ကုန်တော့သည်။*အဲ့လောက်တောင် ကျွန်မအပေါ်လွှမ်းမိုးနိုင်ပါတယ် အကိုလေး*
Tae Hyung လည်းသူ့ဘေးက
ထွက်ခွာသွားတဲ့ကျောပြင်ငယ်လေးအား အတော်အတန်စိုက်ကြည်ပီးနောက် နေ့တစ်နေ့တာအတွက်
အစပြုရင် ပြင်ဆင်လေတော့သည်။
YOU ARE READING
She is mine
Fanfictionသူမကိုကျွန်တော့်နားက ဘယ်တော့မှ ထွက်သွားခွင့် မပြုဘူး။ သူမကိုကျွန်တော့်ဆီက ဘယ်သူမှ လုယူလို့လည်းမရဘူး။ သူမက ကျွန်တော်တစ်ယောက်တည်းရဲ့အပိုင်မို့ဘဲ Kim Tae Hyung အကိုလေး ကျွန်မ အကိုလေးအပိုင်အဖြစ် ...