Part-6

405 28 13
                                    

Unicode

"Jung kook?"

"Omm hae yoon"

"နင် ဘာ​တွေဖြစ်​နေတာလဲ
နင့်ပုံစံကြည့်ရတာ တစ်ခုခုပဲ"

"ဘာရယ်မဟုတ်ပါဘူး
ဟိုးရက်က​လေ နင်ထမင်းခွံ့​ကျွေးတဲ့
အကို​လေးဆိုတာ?"

"အဲ့တာ ငါ့အကို​လေး​လေ
ငါက သူ့အိမ်မှာ​နေရတာ"

"​အော်...နင့်မိဘ​တွေကပို့ထားတာလား
အဲ့အိမ်ကို..?"

သိချင်စိတ်နဲ့ မျက်ခုံးတစ်ဖက်ပင့်ပီး ​မေးကြည့်မိ​တော့ သူမ ​
ပြောလာသည်က

"ဘယ်ကသာ..
ငါ့မိဘ​တွေကမရှိ​တော့ဘူး
ငါငယ်ငယ်​လေးထဲက ဆုံးသွားကြပြီ"

"အာ..sorry
ငါမ​မေးမိလိုက်သင့်တာကို"

"ရပါတယ် သူငယ်ချင်းအချင်းချင်းပဲ
​​ပြောပြရမှာ​ပေါ့"

"ငါ့အ​ဖေနဲ့ အကို​လေးမိဘ​တွေက သူငယ်ချင်း​တွေ​လေ..
မိဘ​တွေမရှိ​တော့တဲ့ငါ့ကို သူတို့ကပဲ​ခေါ်ထားတာဆိုပါ​တော့"

"​အော်"

"ငါငယ်ငယ်ထဲက အဲ့မှာ​နေ​နေတာ
၁၅နှစ်​လောက်ရှိပြီ​ပေါ့"

"ဒါဆို နင်အဲ့အိမ်က ထွက်သွားဖို့ ​
တွေးဖူးလား"

Jung kook ရဲ့ ​မေးခွန်းအပြီး ​
ငြိမ်ကျကာ အ​ဝေးကို ​ငေး​မော​နေသည့် hae yoon..

သူမ မျက်၀န်း​တွေမှာ ​တွေ​ဝေမှုက အထင်းသားပင်။

ထွက်သွားဖို့လား ဟင့်အင်း
၀န်ခံရရင် သူမ အဲ့​နေရာကိုပဲ
ငြိတွယ်​​နေမိပြီ.

အဲ့အိမ်က သူမရဲ့
ပိုင်ရှင်ဖြစ်သူကိုလည်း သူမ....

"ငါမ​တွေးဖူးဘူး jung kook"

အတန်ကြာတိတ်ဆိတ်ပြီးမှ ထွက်​ပေါ်လာသည့် စကားတစ်ခွန်း။

နား​ထောင်သူ၏ ရင်ခွင်ကို
ယာယီ​အေးခဲ​စေ​လေ၏။

"ဒါဆို နင် အဲ့အိမ်မှာပဲ
ဆက်​နေသွားမယ်ဆိုပါ​တော့"

"အခုထိ​တော့အဲ့လိုပဲ စဥ်းစားထားတယ်
ငါ့မှာ သွားစရာ​နေရာလည်း ​
ထွေ​ထွေထူးထူးမရှိဘူး​လေ"

*ငါက လာ​ခေါ်​ပေးမယ်ဆိုရင်​ကော*

ဒီစကားကို​တော့ jung kook
စိတ်ထဲကသာ​ပြောမိလိုက်သည်။

She  is  mineWhere stories live. Discover now