Part-2

613 59 21
                                    

အဲ့အချိန်မှာဘဲ
.
.
.
.
.
.

ရုတ်တရက် Hae yoon ပေါ်သို့
ကျရောက်လာမယ့် လက်အားကြမ်းတမ်းစွာဖမ်းဆုပ်
လာသော လက်တစ်စုံ။

ကျယ်ပြန့်သောကျောပြင် နောက်တွင် hae yoon ကိုထားရှိကာ
ရှေ့က မိန်းကလေးအား အံကြိတ်ကာ
စူးစူးဝါးဝါးဖြင့်ကြောက်စရာ
ကောင်းအောင် ကြည့်နေသည်မှာ ဒေါသထွက်နေမှန်း သိပ်သိသာလှသည်။

ထိုလူမှာတခြားသူမဟုတ်
Hae yoon ၏ အရှင်သခင် တနည်းအားဖြင့် သူမအားပိုင်ဆိုင်ထားသော
အကိုလေး Kim Tae Hyung ပင်..

<<<<<<<<<<<<<<<<<<<<<<<<<<

ထမင်းစားရန် ကန်တင်းသို့လာရင်းတွေ့လိုက်
ရသောမြင်ကွင်းကြောင့် tae hyung တစ်ယောက် ဒေါသထွက်ကာ သွေးပင်ပွက်ပွက်ဆူလာသည်။

တခြားတော့မဟုတ် hae yoon ​​ခေါ် သူ့အပိုင်အား မိန်းကလေးတစ်စုက အနိုင်ကျင့်နေသောကြောင့်ပင်။

ထိုမိန်းကလေးထဲက တစ်ယောက်က
လွန်ခဲ့တဲ့ ၂ နာရီကမှ သူကိုယ်တိုင် အဖြေပေးပီး တွဲခဲ့တဲ့သူ။

ထိုမိန်းကလေးတွေက သူမ အား မခံနိုင်အောင်ပြောနေသောလည်း
ငြိမ်ခံနေသော သူမကြောင့် tae hyung သူဝင်ပါမှဖြစ်မယ်မှန်း တွေးလိုက်သည်။

"တောက်စ်"

"ဘာလို့အဲ့လိုငြိမ်ခံနေရတာလဲ"

နောက်ဆုံးတော့ hae yoon တစ်ယောက် ပါးရိုက်လိုက်တာကိုလည်း
Tae hyung မြင်တွေ့လိုက်တော့

ဟိုဘက်က ပြန်ရိုက်တော့လည်း မျက်စိစုံမှိတ်ကာ ငြိမ်ခံနေတာကြောင့်
မထူးတဲ့အဆုံး ထို မိန်းကလေးလက်အား
တင်းကျပ်နေအောင် ဆုပ်ကိုင်လိုက်သည်။

"ကိုကို"

"မင်းအခု ဘာအချိုးချိုးတာလဲ"

Tae hyung အသံမှာ ဒေါသသံစွတ်နေတာကြောင့် ထိုမိန်းကလေးလဲ ပြာပြာသလဲဖြစ်ကာ

"မဟုတ်ဘူး ကိုကို
သူအရင် သဲကိုလာရိုက်တာ"

"အဲ့တော့..."

"အာ့ကြောင့် သဲက ပြန်ဆုံးမတာပါ ကိုကို"

"မင်းသူ့ကို ဘာအကြောင်းနဲ့မှ ထိစရာမလိုဘူး
သူကငါ့လူ ငါ့အပိုင်.
ငါအပိုင်လူကို ဆုံးမစရာရှိရင် ငါဘဲဆုံးမမယ် "

She  is  mineWhere stories live. Discover now