အခုခေတ် လူငယ်တွေက အနုပညာရှင်တွေကိုဆို အရမ်း စွဲစွဲလမ်းလမ်း မြတ်နိုးကြတာပဲနော် ။လူတစ်ယောက်ကို အဲ့လောက် စွဲလမ်းဖို့ လိုလို့လား ? ဘယ်နားကများ မက်မောစရာ ကောင်းလို့လဲ ?
ကျွန်တော့်ရဲ့ camera လေးလောက်တောင် သဘောကျစရာ အချက် မရှိဘူး !
အဲ့လိုပြောလို့ လာလာ မယှဥ်နဲ့နော် ။
ကျွန်တော့် camera မှာ အားသာချက်တွေမှ အများကြီး ။ ခင်ဗျားတို့ သဘောကျပါတယ်ဆိုတဲ့ လူတွေကမှသာ ဘာတွေ သဘောကျစရာကောင်းနေမှန်း မသိတာပါဗျာ ။အော် ဒါနဲ့ ..
ကျွန်တော့်နာမည်က ပတ်ခ်ဂျီမင် ။ချစ်စနိုးနဲ့ chim chim လို့တော့ ခေါ်ကြတယ် ။
ကျွန်တော်က ချစ်စရာကောင်းလွန်းတာကိုး ဟဲဟဲ ။ကျွန်တော်က ဘာလုပ်လဲဆိုတော့ ကင်မရာတစ်လုံးနဲ့ပကမ္ဘာပတ်တယ် ။ ကျွန်တော်က ဓာတ်ပုံရိုက်တာ အရမ်းတော်တော့ ခင်ဗျားတို့ သဘောကျပါတယ်ဆိုတဲ့ idol တွေရဲ့ ဓာတ်ပုံတွေကို လိုက်ရိုက်ပေးတယ် ။ စီးပွားရေး အရပါပဲ ကျွန်တော် ရိုက်ပေးတဲ့ ပုံလေးတွေက အရမ်းလှတော့ ကုမ္ပဏီက လက်မလွှတ်နိုင် ဖြစ်နေတာလေ ။
အနုပညာလောကမှာဆို ကျွန်တော်က အဲ့ idol တွေထက်တောင် နာမည်ကြီးတယ် ။ paparazzi chim chim ဆိုတော့ ကျွန်တော့် နာမည် paparachim ပေါ့ ဟဲ ဟဲ ။
** မနာလိုတဲ့ သူများတွေ ခေါ်ကြတဲ့ ပါလေရာ ချင်မ်ချင်မ် ဆိုတဲ့ နာမည်ကြီးတော့ မပြောချင်တော့ပါဘူးဗျာ ။ နာမည်ကြီးတော့ hater တွေလည်း များတာကိုးး ။ **
~~~ ~~~ ~~~ ~~~
နေသာတဲ့ နံနက်ခင်းလေးမှာ ကောင်းကင်ကြီးက ကြည်လင်လို့ ။ ပန်းလေးတွေကလည်း လမ်းရဲ့ တစ်ဖက်စီမှာ ရောင်စုံပွင့်လို့ ။ ကျွန်တော့် camera လေးကို မျက်စိအစာကျွေးဖို့ အကောင်းဆုံး အချိန်ပေါ့ ။
** ဝါးးး ဒီနေ့ ငါ့ရဲ့ အားလပ်ရက်ပဲ ။
လူတွေကို ဓာတ်ပုံ မရိုက်ရလေ ကြိုက်လေပဲမို့
ဒီအချိန်ကတော့ သဘာဝရဲ့ အလှတရားလေးတွေကိုပဲ အားရပါးရ မှတ်တမ်းတင်တော့မယ် ။ **
YOU ARE READING
PAPARACHIM || MYG × PJM
FanfictionThis short story is created for the fund raising project.