မွေးရပ်မြေကို ပြန်ရောက်တော့ သတိရနေခဲ့တဲ့ နံနက်ခင်းရဲ့ လေပြေအေးလေးကို ရှူရှိုက်ရင်း ကောင်းကင်ပြာအောက်ဝယ် လမ်းတဆုံးငေးမောလိုက်တော့ ကိုယ်ရာလာလမ်းအတိုင်း လျှောက်လာတဲ့ ကြွေရုပ်ငယ် ။ပန်းဆီရောင် နှုတ်ခမ်းဖူးလေးတစ်စုံနှင့် မို့ဖောင်းကာ ပန်းနုရောင်သန်းနေသော ပါးနုနုလေးများ ပိုင်ရှင် ခန္ဓာကိုယ်သေးသေးဥဥလေး ကောင်းကင်ပြာအောက်ဝယ် အင်္ကျီအဖြူစွတ်စွတ်လေးနဲ့ အရှေ့မှ တလှုပ်လှုပ် လျှောက်နေသည်မှာ ကြွေရုပ်လေးအလား ။
ထွေးပွေ့ထားကာ ရင်ခွင်ထဲဝယ် မေတ္တာငွေ့ဖြင့် လွှမ်းခြုံထားလိုစိတ်များ ပေါ်ပေါက်စေသလို တစ်ချိန်တည်းမှာပင် မထိရက် မကိုင်ရက် အလှငေး၍ ဥထားချင်စရာလည်း ကောင်းလွန်းနေတော့ သိပ်ကို မြတ်နိုးဖို့ကောင်းနေသည်မှာ အမှန် ။
ကြွေရုပ်ငယ်က လက်ထဲ ကင်မရာလေးတစ်လုံးနှင့် ပတ်ဝန်းကျင်အလှများကို ခေါင်းလေး မော့ကာ ရှုစားငေးမောနေသည်မှာ သဘာဝအလှများကို သူ့အလှက ပိုပြီး အရောင်လက်စေသည်ကို မသိလေသည့်အလား ။
ကိုယ်က ရပ်နေသူ ။
ကိုယ့်ရှိရာဆီကို တရွေ့ရွေ့ လာနေတဲ့ ကြွေရုပ်ငယ်က ကိုယ့်လမ်းကြောင်းကိုသာမက ဘဝထဲကိုပါ ဝင်ရောက်စိုးမိုးရင်း နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်တော့မည်သူ ။ဖြစ်ရပ်များက မှော်ပဲဆန်လွန်းနေသလား ။
ငေးနေစဥ်အတွင်းမှာပဲ ကိုယ့်ရင်ခွင်ထဲသို့ တည့်တည့်မတ်မတ် ဝင်ကာ ခေါင်းအပ်လာသော ကောင်လေးငယ်ကြောင့် နှုတ်ခမ်းပါး တစ်စုံက ထောင့်ချိုးလေး ညွတ်ကွေးသွားလေသည် ။
ကလေးငယ်က ဝင်လာပြီးမှ ပြန်ထွက်သွားချင်သယောင် ဖြစ်နေခဲ့တာမို့ ခါးလေးကို ပြန်တည့်မတ်ပေးရင်း ရင်ခွင်ထဲ ပြန်မြှုပ်ခဲ့ရသေးသည်လေ ။ အဖိုးတန်လေးကို ဘယ်သူ့မှ မမြင်စေချင် ။
နှလုံးသားနှစ်ခုက သိပ်ကို နီးကပ်လွန်းတာမို့ ရင်ခုန်သံချင်း ထပ်တူကျနေတာကို နှလုံးသား ပိုင်ရှင်နှစ်ယောက်သာ ကြားရပေလိမ့်မယ် ။
ရင်ခွင်ထဲက ကလေးငယ် ခုန်ထွက်သွားစဥ် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သလို ရင်ခွင်ကလည်း လစ်ဟာလျက် ။
YOU ARE READING
PAPARACHIM || MYG × PJM
FanfictionThis short story is created for the fund raising project.