#4 [ ending ] ; unicode

342 38 6
                                    


ကမ္ဘာကြီး ပြောင်းပြန်လန်သွားသည်လျှင်ပင် ဤခံစားချက်ထက် ခံသာပါလိမ့်ဦးမည် ။ အခုတော့ စကြ၀ဠာတစ်ခုလုံး ကဆုန်ပေါက်သွားသကဲ့သို့ပင် ။

စစတွေ့ခဲ့သောနေ့က ကလေးငယ်ကို ရင်ခွင်ထဲက ပြန်မထုတ်ပေးဖြစ်ခဲ့လျှင် ၊ အပြင်မှာ မြင်မြင်ချင်းက ကိုယ်က ထိုလူပါလို့ ထုတ်ပြောဖြစ်ခဲ့လျှင် ၊ ကလေးဘက်က လက်လေးစကမ်းခဲ့စဥ်ကသာ မငြင်းပယ်ဖြစ်ခဲ့လျှင် ၊

အဆိုးဆုံး .. ဆုံသာ မဆုံဖြစ်ခဲ့ကြလျှင် အခြေအနေတွေက အများကြီး ပိုပြီး လွယ်ကူနေခဲ့မှာ အမှန် ။

ဘယ်အချိန်တည်းကများ သိနေခဲ့လဲ ။
ဘယ်လောက်ထိများ နာကျင်နေခဲ့ရမလဲ ။ ဘယ်လောက်ထိများ နာကျည်းမုန်းတီးနေလိုက်မလဲ ။ ဟန်ဆောင်ရင်း ပြုံးပြနေခဲ့ရတာ ဘယ်လောက်များ ပင်ပန်းနေခဲ့ရမလဲ ။

ကလေးငယ်လက်ကို ဖမ်းမဆွဲထားရက်တော့ပါ။
အထီးကျန်ဆန်ပြီး ခြောက်ကပ်လွန်းတဲ့ ကိုယ့်ရဲ့ ဘဝပန်းချီကို အတူ ခြယ်သပေးဖို့ ကလေးငယ်ကို မဖိတ်ခေါ်ရဲတော့ပါ ။

ဘာမေးခွန်းမှ မမေးထွက်သလို ရှေ့မှာထိုင်နေတဲ့ ကလေးငယ်ရဲ့ မျက်နှာကိုပင် မော့မကြည့်ရဲ ။
ကလေးငယ်မှာလည်း ထိုနည်းတူစွာပင် မျက်ရည်များကို ထိန်းရင်း မြိုသိပ်ထားကာ ခေါင်းလေး ငိုက်စိုက်ကျလျက် ။

" ကိုယ်နဲ့ အဝေးဆုံးနေရာမှာ
အလွတ်လပ်ဆုံး အပေါ့ပါးဆုံး ရှင်သန်ပါ ။
အဝေးဆုံးမှာ မရှိခဲ့ဖူးတဲ့လူလို နေပေးပါ့မယ် ။

တစ်ခုတော့ ပြောပါရစေ ။
ကိုယ် ကလေးကို တကယ် ချစ်တာပါ ။
မထိရက် မကိုင်လျက်လောက်တဲ့ထိကို မြတ်နိုးပါတယ် ။

ဖွင့်ပြောပြဖို့ သတ္တိနည်းခဲ့တာက ကလေးကို အများကြီး နာကျင်စေခဲ့မိတဲ့ အတွက် ကိုယ်တောင်းပန်ပါတယ် ။ "

" ကျွန်တော်လည်း ချစ်ခဲ့တယ် ။
လွန်ခဲ့တဲ့ တစ်လခန့်က နွေးထွေးမှုတွေ ပေးခဲ့တဲ့ ရင်ခွင်ကျယ်ပိုင်ရှင်ကိုပါ ။ မင်ယွန်ဂီ အပေါ်ကို ဘယ်တုန်းကမှ ခံစားချက် မရှိခဲ့ပါဘူး ။

အဝေးဆုံးမှာ သွားနေစရာ မလိုပါဘူး ။
AGUST D ဆိုတဲ့ လူသားကိုတော့ ကျွန်တော့် နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ အမှတ်တရအနေနဲ့ သိမ်းဆည်းထားပါတယ် ။

PAPARACHIM   ||   MYG × PJM  Where stories live. Discover now