#3 ; unicode

247 30 0
                                    


" AGUST D
  ××× - ××× - ××× "

သူပေးလိုက်တဲ့ card လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အိမ်ရှိရာသို့ ဒုန်းဆိုင်းပြန်ပြေးခဲ့သည် ။

စိတ်အာရုံတို့ကိုလည်း " စနေနေ့ ညနေ ၆ နာရီ " ဆိုသည့် စကားစုလေးတစ်ခုတည်းကသာ စိုးမိုးလျက် ။

သြရှ၍ ဆွဲဆောင်မှု ရှိလွန်းလှသော စကားသံကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေအတွက် ရင်ဘတ်ထဲ လိပ်ပြာလေးတွေ ဖြတ်ပြေးသွားသည်ဆိုသည့် ခံစားချက်မျိုးက ငြင်သာလွန်းနေမည် ။
မီးရှူးမီးပန်း အခုတစ်ရာလောက် ဖွင့်ဖောက်နေသကဲ့သို့ပင် ရင်ခွင်တစ်ခုလုံး ပေါက်ကွဲမတတ် ။

ခုံတန်းလျားပေါ် ထိုင်ရင်း ကျန်ခဲ့သော AGUST D ဆိုသူမှာတော့ သက်ပြင်းတစ်ချက်သာ ချရင်း ။

စနေနေ့ မရောက်မီ အချိန်ပြည့် အူရွှင်ပြုံးပျော်နေသည့် ကလေးငယ်ကို မြင်တိုင်း ယွန်ဂီရင်ထဲ တဆစ်ဆစ်နဲ့ နာကျင်လျက် ။ အပြစ်ကို ပိုကြီးမလာအောင် ဝန်ခံလိုက်ချင်သော်လည်း အပြစ်က အတိုင်းအဆမရှိ ကြီးနေပြီးသားမို့ ဘာဆက်လုပ်ရမလဲ မသိ ။ နောက်ဆုံးတော့လည်း ဖွင့်ပြောဖို့ ဆုံးဖြတ်ချက်ချလိုက်လေသည် ။

မင်ယွန်ဂီက AGUST D ဖြစ်ကြောင်းကိုတော့ မဟုတ် ။
မင်ယွန်ဂီက ပတ်ခ်ဂျီမင်ကို သဘောကျကြောင်းကိုသာ ။

" ဂျီမင် ခဏနေကျရင် ကိုယ့်ရုံးခန်းထဲ ခဏလောက် လာခဲ့ပါလား "

" ဟုတ် ယွန်ဂီ ဒီပုံလေးတွေ အချောသတ်ပြီးရင် လာခဲ့မယ်နော် "

** ဒေါက် ဒေါက် **

တံခါးဖွင့်လိုက်တော့ အခန်းထဲမှာ ယွန်ဂီ တစ်ယောက်တည်း မဟုတ်တာမို့ ပြန်ထွက်သွားဖို့ ဟန်ပြင်နေတုန်း ယွန်ဂီက မျက်ရိပ်မျက်ကဲ ပြလိုက်လို့ ဘေးတစ်နေရာမှာသာ ဝင်ထိုင်နေလိုက်သည် ။

" အဲ့ဒါဆို ကျွန်တော် ဒီပုံတွေကို ဘယ်နာမည်နဲ့ publish လုပ်ရမလဲ ? AGUS- "

" မင်ယွန်ဂီ !
  မင်ယွန်ဂီ နာမည်နဲ့ပဲ publish လုပ်ပေးပါ "

စကားကို အမြန်ဖြတ်ပြောလိုက်သောကြောင့် တစ်ဖက်လူမှ ကြောင်အမ်းအမ်းဖြစ်သွားတာကို တောင် ဂရုမစိုက်နိုင်

PAPARACHIM   ||   MYG × PJM  Where stories live. Discover now