အပုိင္း(20)Final(💛)

5.1K 225 8
                                    

Unicode

ဆေးရုံရှေ့ကားရပ်တာနဲ့တင် ရင်ခုန်နေမိသည်
ဝမ်အူကြူးလေးရဲ့ဗိုက်ထဲမှာ သားသားလေးလား မီးမီးလေးလားဆိုတာ သိရတော့မည်လေ
မွေးလာမယ့်ကလေးကတော့ ရိပေါ်လိုပါးဖောင်းဖောင်းလုံးလုံးလေးဖြစ်လိမ့်မည်
ဗိုက်ပူနေတာကတော်ရုံမဟုတ် ကလေးကဝတုတ်လေးပဲဖြစ်မယ်

ချစ်ရသူလက်ကိုဆွဲကိုင်လို့ ရင်တမမနဲ့ သားဖွားဌာနဆီ ခြေဦးလှည့်ရသည်

"နေ နေပါဦး ဒါက ဒါက..."

"ဝမ်းသာပါတယ် အမွှာလေးပါ"

"တ တကယ်လား ဟင် "

"ဟုတ်ပါတယ် မမှားပါဖူး"

ဆရာဝန်ပြောတဲ့စကားကိုကြားတော့ ရှောင်းကျန့်ထခုန်မိသည်။ ဗိုက်ကဒီလောက်ပူနေတာ အဲ့တာကြောင့်ကို။

"ဟိုလေ doctor သားလေးလား သမီးလေးလားဟင်"

"နှစ်ယောက်လုံးယောင်္ကျားလေးပါဗျ"

"အာ း း း းရိပေါ်ရေ..... ကိုယ်တို့တော့ ကလေးထိန်းရှာရတော့မယ်ထင်တယ် ဟားဟား"

စမ်းသပ်ခန်းက ထွက်လာတဲ့ရ်ိပေါ်ကိုရှောင်းကျန့်ကပြေးဖက်တယ်။ ရိပေါ်ဆံပင်လေးကို သပ်တင်ပေးပြီး နှဖူးထပ်သို့ အနမ်းတစ်ပွင့်
. . . . . . .. . . . . .. . . . . . . . . . . . . . . ..
သုံးလကြာသော်

ရှောင်းဝမ်လေးနဲ့ ဝမ်ရှောင်းလေးတို့ နှစ်လပြည့်လေပြီ

ရှောင်းမားနဲ့ဝမ်မားမှာ နာမည်ကို ရှောင်းမျိုးရိုးပေးမယ် ဝမ်မျိုးရိုးပေးမယ်ဖြင့် စကားနိုင်လုနေ၍
တစ်ယောက်ကိုရှောင်းဝမ်
တစ်ယောက်ကိုဝမ်ရှောင်းဟု နာမည်ပေးလိုက်ရခြင်း

အင်း နာမည်ပေးဖို့တော်တော်စဉ်းစားလိုက်ရတယ်
အမွှာနှစ်ယောက်က ရုပ်တော်တော်ဆင်တာဗျ
ရှောင်းဝမ်လေးက ရှောင်းကျန့်လိုမျိုးနှုတ်ခမ်းအောက်မှာမှည့်လေးနဲ့ အဲ့မှည့်လေးကြောင့် ရှောင်းဝမ်ဖြစ်သွားရခြင်း
ဝမ်ရှောင်းလေးက မှည့်မပါဖူး ပါးဖောင်းလေးပေါ့
ရှောင်းဝမ်လေးထပ်အနည်းငယ်ပါးပိုဖောင်းလေရဲ့

ရှောင်းဝမ်နဲ့ဝမ်ရှောင်းကို ကလေးထိန်းငှါးဖို့တော့မလိုချေ
ရှောင်းမားနဲ့ဝမ်မားက သူမ တို့ရဲ့အလုပ်ကိုထွက်လိုက်ကြသည်။ ရှောင်းပါးနဲ့ဝမ်ပါးတို့က ဒီလောက်ချမ်းသာတာ တကယ်တော့အစထဲကအလုပ်လုပ်ဖို့မလိုချေ။အိမ်မှာထိုင်စားရတာကိုမကြိုက်၍သာ ဝါသနာပါရာ အလုပ်လုပ်နေခဲ့ကြခြင်း။ အခုတော့ ရိပေါ်နဲ့ရှောင်းကျန့် တက္ကသိုလ်ပြန်တက်ရတော့မည်လေ။ အမွှာနှစ်ယောက်အရမ်းငယ်နေသေး၍ ကျောင်းခေတ္တနားထားရခြင်းသာ။ အခုကျောင်းက နှစ်ဝက်ကျိုးမှ စတက်ရခြင်း။ဒါမယ့် စာအတွက်တော့ပူစရာမလိုချေ၊ ပါမောက္ခချုပ်က ရှောင်းပါးနဲ့ဝမ်ပါးသူငယ်ချင်းဖြစ်နေ၍ ဘာသာပြတိုင်းကို ကျောင်းပိတ်ရက်တွေခေါ်သင်ထားသောကြောင့်ဖြစ်သည်။

First Frequency(Completed)Where stories live. Discover now