အပိုင်း(၈)Zawgyi+Unicode

3.5K 259 11
                                    

Zawgyi

ရိပေါ်တစ်ယောက်ကျောင်းပြေးထားတဲ့တစ်မနက်လုံး အိပ်ယာပေါ်သာ ဟိုလှိမ့်ဒီလှိမ့်.......
ရှောင်းကျန့်ငါ့ကိုစိတ်ဆိုးနေတာလား???
ဒါမှမဟုတ် ယွမ်ပြောတာအမှန်ဆို သူအသဲကွဲနေတာလား????

"𝓑𝓾𝓽 𝔂𝓸𝓾'𝓵𝓵 𝓷𝓮𝓿𝓮𝓻 𝓴𝓷𝓸𝔀 𝓾𝓷𝓵𝓮𝓼𝓼 𝔂𝓸𝓾 𝔀𝓪𝓵𝓴 𝓲𝓷 𝓶𝔂 𝓼𝓱𝓸𝓮𝓼
𝓨𝓸𝓾'𝓵𝓵 𝓷𝓮𝓿𝓮𝓻 𝓴𝓷𝓸𝔀   엉켜버린 내 끈
'𝓒𝓪𝓾𝓼𝓮 𝓮𝓿𝓮𝓻𝔂𝓫𝓸𝓭𝔂 𝓼𝓮𝓮𝓼 𝔀𝓱𝓪𝓽 𝓽𝓱𝓮𝔂 𝔀𝓪𝓷𝓷𝓪 𝓼𝓮𝓮
𝓘𝓽'𝓼 𝓮𝓪𝓼𝓲𝓮𝓻 𝓽𝓸 𝓳𝓾𝓭𝓰𝓮 𝓶𝓮 𝓽𝓱𝓪𝓷 𝓽𝓸 𝓫𝓮𝓵𝓲𝓮𝓿𝓮"
(Blackpinkရဲ့ You Never Know)

ရှောင်းကျန့်ခေါ်ရင်သာကြားရတဲ့ သီးသန့်ringtoneလေးမြည်လာတော့ ရေချိုးခန်းထဲကအမြန်ပြေးထွက်လာခဲ့တယ်

"Hello ရှောင်းကျန့်"
"ကျင်းလုယွီကို စာပေးပြီးပြီလား"
"ဟမ် ဘာ!! အော် အင်း မရေးရသေးဖူးနောက်နေ့မှပေးမှာ"

    မပေးဖူးလို့ပြောလိုက်ရင် ငါတို့ပြန်အဆင်ပြေသွားမယ်ဆိုတာသိနေလျက် ဘာလို့ ညာပြောလိုက်မိလဲမသိခဲ့ပါ၊ ရှောင်းကျန့်ရေ ငါမာနကြီးနေမိတာလား........
   
    "အော် သိပြီ"
    "ခဏ ရှောင်းကျန့် ဖုန်းမချသေးနဲ့ဦး"
    "ဘာပြောမလို့လဲ ငါယွမ်နဲ့သွားတွေ့ရဦးမှာ"
    "မင်းကိုငြင်းလိုက်တာ ဘယ်သူလဲ ပြီးတော့ ယွမ်နဲ့မင်းကဘာတွေလဲ"
    "သိချင်လို့လား"
    "သဘောလေ မင်းမပြောချင်လဲနေပေါ့"
    "ငါ့ကိုငြင်းသွားတာက ကျင်းလုယွီပဲ၊ ယွမ် လက်ရှိငါ့ချစ်သူ ရပြီလား"
    "ဘာ မင်း!!!မဖြစ်နိုင်တာ..."
   
!!တီ တီ!!

    ခွေးကောင် ပြောလို့မပြီးသေးတာ ချပစ်တယ်၊ မင်းလျှောက်ပြောနေတာမှတ်လား၊ကျင်းလုယွီနဲ့မနက်ကမှသိတာလေ မဖြစ်နိုင်တာကြီး၊ ယွမ်ကလည်း ငါနဲ့မင်းကိုတောင် အရင်ကအတင်းလိုက်စနေတာကြီး၊ ဟက် ယွမ်နဲ့မင်းကအဲ့လိုလား အာ အက်လိုလား.......
   
    အော် ယွမ်က ငါ့ထက်ပိုပြီးသိနေခဲ့တာ မင်းရဲ့ချစ်သူမလို့လား??ငါက​ကော??ငါကမင်းbffလေ ။
   
    မင်းcrhနဲ့rsကရုတ်တရက်ပေါ်လာတာကကောဘာအချိုးချိုးတာလဲ??? အဲ့တာကြောင့်မနက်ကကျင်းလုယွီကို ဘုကလန့်ပြောနေခဲ့တာလား??ကျင်းလုယွီက မင်းအကြောင်းငါ့ကိုပြောပြမလို့လာတာမလား မင်းကမသိစေချင်တာလား???
   
အရူးတစ်ယောက်လို တွေဝေနေခဲ့ပေမယ့် ရှောင်းကျန့်မှထပ်ပြီးဖုန်းမဆက်ခဲ့၊ သူလဲဆက်ဖို့အစီစဉ်မရှိခဲ့၊ လောလောဆယ်ရှောင်းကျန့်ကို အော်ဆဲချင်တာပဲသိတယ် သူ့ကိုဘာမှမပြောပဲ လျှိထားခဲ့တဲ့အတွက်ပေါ့....

First Frequency(Completed)Where stories live. Discover now