အပိုင်း(၇)Zawgyi+Unicode

3.6K 269 10
                                    

Zawgyi🌪🌪🌪

နှစ်ရက်ကြာသော်..........

မနက်ခင်းနေရောင်ခြည်ဟူ၍မတွေ့ရ
အုပ်မှိုင်းနေသော ကောင်းကင်နှင့်သာနိုးထလာရသည်။
ဟင်း ရိပေါ်မရှိတဲ့ နှစ်ရက်ဟာ ရင်ထဲမှာသာ ကမ္ဘာပျက်နေခဲ့သည်မဟုတ် ရာသီဥတုကပါ ရှောင်းကျန့်ကဲ့သို့ပင်...

ရိပေါ်မရှိ၍ မနက်စာလဲမပြင်ချင် နေ့လယ်စာလဲမပြင်ချင်၊
အပြင်ရောက်မှသာဝယ်စားရန် အထက်တန်းကျောင်းဝတ်စုံကိုဝတ်လိုက်သည်။ ဒီနေ့ကျောင်းဖွင့်ပြီမဟုတ်ပါလား.....

ဝမ်ရိပေါ်ပြောခဲ့တဲ့ ကျောင်းဖွင့်ရင်ပြန်တွေ့မယ်ဆိုတာ ယုံကောယုံရပါ့မလား.........

မိုးမရွာဖူးဟုထင်မိသောအတွေးက လုံးလုံးမှန်မမှန်ချေ၊
မနက်စာဝင်စားပြီး ကျောင်းအနီးသို့အရောက် မိုးကောင်းကင်က တစ်စက်ပြီးတစ်စက် အေးစက်စက် မိုးရေစက်တို့ကကျဆင်းလာသည်.....ကိုယ့်ဘာသာကိုယ်တောင် ဝမ်းနည်းနေတာကို မိုးစက်တွေကတောင် မျက်နှာသာမပေးဘဲ လှောင်ရယ်နေသယောင်.....

"ဟင်!!!"

      မိုးစက်တွေကျဆင်းမှုရပ်တန့်သွားတာကြောင့် မိုးပေါ်သို့မော့ကြည့်မိတယ်၊ အကြည်​ရောင်ထီးလေးပေါ်က ဝက်ရုပ်လေး​တွေကိုမြင်တော့ ပြုံးလိုက်မိသည်......

      မိုးစက်တွေကျဆင်းမှုရပ်တန့်သွားတာကြောင့် မိုးပေါ်သို့မော့ကြည့်မိတယ်၊ အကြည်​ရောင်ထီးလေးပေါ်က ဝက်ရုပ်လေး​တွေကိုမြင်တော့ ပြုံးလိုက်မိသည်

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

"ဝမ်ရိပေါ်"

    သိပ်မကျယ်လှသော အသံလေးနဲ့ခပ်အေးအေးပြောကာ ထီးကိုင်ထားသော လက်တစ်စုံရှိရာ အရပ်သို့လှည့်လိုက်မိသည်.......
    ပြုံးမနေ၊ ခပ်တည်တည်လေးသာ မဟုတ်ဖူး ရှက်နေတဲ့ပုံလေးလို့ပြောရင် ပိုမှန်မည်ထင်တယ်၊ နှုတ်ခမ်းလေးစူကာ ​ခေါင်းကိုငုံ့ထားသည်။ သူလွယ်ထားသော လွယ်အိတ်အနက်လေးမှာ ရုပ်ရှင်သွားမကြည့်ခင်ရက်က ဝယ်ထားခဲ့သော ဆင်တူလွယ်အိတ်........

First Frequency(Completed)Tempat cerita menjadi hidup. Temukan sekarang