ပြန်ရေးနေ၍ အစမိတ်ဆက်ခြင်း

2.5K 118 33
                                    

ဂျယ်ကျူးကျွန်း သွားရ‌မယ် ဆိုသည့် အသိနှင့် ကျွန်တော် အစောကြီး ထနေမိသည်။ကျွန်တော် တစ်ခါမှ ဂျယ်ဂျူး‌ကျွန်း မရောက်ဖူးပါ။ကျွန်တော် ငယ်ငယ်တည်းက အမေရိက ရောက်သွားပြီး ကိုရီးယားစကားတောင် မေမေက အမြဲပြောပြီး သေချာ ‌သင်ပေးနေလို့ ကျွန်တော် တက်လာဖြစ်သည်။ကိုရီးယား အစားအစာ ယဉ်ကျေးမှုနဲ့ ကိုရီးယားနိုင်ငံကို ကျွန်တော် ချစ်သည်။ဂျယ်ကျူးကျွန်းသွားဖို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေမိသည်။

'ချန်းယောလ် ရား ဂျုံအင် ထတော့လေ ငါတို့ ခဏ နေဆို သွားရတော့မယ်။အချိန်သိပ်မရှိတော့ဘူး'

ဒီအို အသံကြား၍ နှစ်ယောက်လုံး ပြုံးကာ လှုပ်လာသည်။ဒီကောင်လေး ဘယ်လောက် စိတ်လှုပ်ရှားနေမလဲ မသိ။ပုပုလုံးလုံး ဖြူဖြူလေး တကယ် ကို ကလေး တစ်ယောက်လို ဖြူစင်ပြီး ချစ်ဖို့ကောင်းသည်။ဒီအိုနှင့်သာ အမြဲအတူနေရရင် ကျွန်တော် တို့ မိန်းမ မယူရတော့လည်း ဖြစ်သည်။နှစ်ယောက် အတွေးကိုယ်စီနှင့်.....

ကားဆီကို ဘတ်ခ်ဟွန်းနှင့်ဆယ်ဟွန်းက ရောက်နှင့်နေပြီးဖြစ်သည်။ဒီအို ,ဂျုံအင်နှင့်ချန်းယောလ် အိတ်ကိုယ်စီ ဆွဲကာ ကားပေါ်တက်လာသည်။ ဘတ်ခ်ဟွန်းက ဒီအို လက်ကို လှမ်းဆွဲကာ

'ဒီအို ငါတို့နဲ့လာထိုင်'

ချန်းယောလ်နှင့်ဂျုံအင် မျက်နှာပျက်သွားကြသည်။

'ဟင်! နှစ်ယောက်ပဲ ထိုင်လို့ရတာ မင်းနဲ့ ဆယ်ဟွန်း ပြည့်နေပြီး လေ'

'ဆယ်ဟွန်း နောက်သွားကွာ'

ဆယ်ဟွန်း ဘတ်ခ်ဟွန်းကို ဘုကြည့် တန်းကြည့်သည်။ဘတ်ခ်ဟွန်း ကလည်း ဟိုနှစ်ကောင် အကြောင်းသိ၍ တမင် စွခြင်းဖြစ်သည်။

ဂျုံအင်က ဘတ်ခ်ဟွန်းဆွဲသည့် ‌ဒီအို လက်ကို ဖြတ်ကာ

'ငါတို့သုံးယောက် အနောက် မှာသွားထိုင်မှာ'

သုံးယောက်လုံး အနောက်၌ သွားထိုင်သည်။ဒီအိုက အလယ်၌ဖြစ်ကာ ချန်းယောလ်နှင့် ဂျုံအင်ကြားမှာ ညှပ်နေသည်။

'ဘတ်ခ်ဟွန်း မင်းလည်း အရမ်းဖြစ်နော်'

'ဟိုနှစ်ကောင်ကို စွချင်လို့ လုပ်တာ။မင်းနဲ့မခွဲထိုင်နိုင်ပါဘူး'

သူတို့နှစ်ယောက်နှင့်ကျွန်တော်Where stories live. Discover now