Episode - 11

1.1K 149 1
                                    

(Zawgyi)

Hoseok ထမင်းစားနေရင်း သူ့ရှေ့မှာထိုင်နေတဲ့ Taehyung နဲ့ Jimin ကို တိတ်တဆိတ်အကဲခတ်နေမိတယ်...။ အရင်ကဆို ကျွတ်စီကျွတ်စီနဲ့ တွတ်ထိုးနေကျ သူတို့နှစ်ယောက်က အခုကျတော့ ငြိမ်သက်နေတာ တစ်ခုခုတော့ထူးခြားနေတာအမှန်ပင်...။

"မင်းတို့ရန်ဖြစ်ထားကြတာလား...??"

မနေနိုင်တဲ့ Hoseok ကပဲ ထုတ်မေးလိုက်တော့ ၂ယောက်သားပြိုင်တူပင် တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်ကြပြီးမှ တစ်လေသံတည်းထွက်လာကြတယ်...။

"မဟုတ်ပါဘူး....!!"

သူတို့၂ယောက် ဖြစ်နေတဲ့ပုံကြောင့် Hoseok မထိန်းနိုင်ဘဲ တဟားဟားထရယ်မိတော့တယ်...။ ပေါင်းလာတာပဲကြာနေပြီ သူတို့ကြားထဲမှာ တစ်ခုခုစိတ်ကောက်နေတာမျိုး ရှိနေတယ်ဆိုတာ Hoseok သတိထားမိပြီးသားပါ...။

"ငါ့ကိုအမှန်အတိုင်းပြောစမ်းပါ... မင်းတို့ တစ်ခုခုဖြစ်နေကြတယ်မလား...??"

"ဘာဖြစ်ရမှာလဲ ရှဥ့်ပေါက်ရဲ့"

ဒီတစ်ခါပက်ခနဲပြန်အော်လိုက်တာက Taehyung ရယ်ပါ...။ Jimin ကတော့ သူ့ပန်းကန်ထဲက ခေါက်ဆွဲတွေကို ခက်ရင်းနဲ့ စိတ်မပါတပါ ရစ်ပတ်နေတယ်...။

"ငါသိကိုသိနေတယ်... မင်းတို့အရင်က အရမ်းအဆင်ပြေကြတာကို... အခုတစ်ယောက်နဲ့တစ်ယောက် စကားမှမပြောကြတာ"

"ဒီတိုင်းပဲ ပြောစရာစကားကုန်သွားလို့ပေါ့"

"ဒါက ဆင်ခြေကောင်းတစ်ခုမဟုတ်ဘူးနော်"

Taehyung ကသာ Hoseok ကိုငြင်းနေတာ Jimin ကတော့ သူနဲ့မဆိုင်သလိုလုပ်နေတော့ ပိုထင်စရာဖြစ်တာပေါ့...။ အမှန်ဆို Jimin အနေနဲ့ မဟုတ်ပါဘူးကွာဆိုပြီး Taehyung နဲ့ရင်းရင်းနှီးနှီးနေပြရင်တောင် Hoseok က ဒီလိုထင်မှာမဟုတ်ဘူး...။

"မင်းတို့စားလို့မပြီးကြသေးဘူးလား...??"

အသံနဲ့အတူ ထမင်းစားခန်းထဲဝင်လာသူက Yoongi...။ ထိုအခါမှ Taehyung နဲ့ Hoseok ရဲ့ငြင်းခုံသံတွေ တိတ်ဆိတ်သွားတယ်...။

"Jimin ahh စားပြီးရင် ငါနဲ့ခဏလိုက်ခဲ့ပါလား... ဝတ်စုံအသစ်တွေရောက်တာ တစ်ချက်သွားကြည့်မလို့"

Circle (Completed) Onde histórias criam vida. Descubra agora