GOODBYE SPEECH

973 54 3
                                    

(Unicode)

မုန်းရောင်ခြည်: မင်္ဂလာပါ ... ... ...

".........."

ဂမုန်ပန်း: နှုတ်ဆက်စကားပြောခိုင်းတာလေ... ဘာလို့ရပ်လိုက်တာလဲ... ဆက်ပြောမှပေါ့ မုန်း ရဲ့...

ဘေးမှာယှဉ်တွဲထိုင်နေသည့် ဂမုန်းကို မျက်လုံးလေးကလယ်ကလယ်ဖြင့် ကြည့်လာသည့် မုန်း...

"ကိုယ်က ဘာလို့ အရင်နှုတ်ဆက်ရမှာလဲ... ဘယ်လို နှုတ်ဆက်ရမှာလဲ..."

"ဟူး..."

ဂမုန်း လေပူတစ်ချက်မှုတ်ထုတ်ပြီး သက်ပြင်းချလိုက်၏...

"မင်္ဂလာပါ... မုန်း အကြောင်းကို အားလုံးသိတယ်ဆိုတော့ ဂမုန်း ကဘဲ အရင်နှုတ်ဆက်စကားပြောပါရစေ..."

"ဂမုန်း က အားလုံးကို အားမလိုအားမရဖြစ်အောင် လုပ်မိဆုံးလို့ထင်ပါတယ်... ခွင့်လွှတ်ပေးနော်..."

ဂမုန်းဘေးမှာ သတိအနေအထားနဲ့ ထိုင်နေသည့် ကလေးငယ်ရဲ့ လက်ကို အုပ်ကိုင်လိုက်ပြီး ကလေးငယ်လေးရဲ့ မျက်နှာကိုသာ စောင်းငဲ့ကြည့်ရင်း...

"ဂမုန်း အများကြီးတွေဝေခဲ့ပေမယ့် အခုသတ္တိအပြည့်ရှိနေပြီမို့ မုန်းရဲ့လက်ကို ဘယ်တော့မှမလွှတ်တော့ပါဘူး... အဲ့တော့ စိတ်ချလက်ချနေကြပါတော့လို့... မိန်းက ဂမုန်းတို့ကို  ချစ်တဲ့သူတွေနဲ့ နှုတ်ဆက်ခိုင်းလို့ နှုတ်ဆက်ရပေမယ့် ဒီနှုတ်ဆက်မှုနဲ့ ဂမုန်းတို့က အပြီးသတ်ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး..."

စကားကို ခဏရပ်လိုက်ပြီး ကလေးငယ်လေးကိုသာ ငေးကြည့်ရင်း ကြည်လင်တောက်လဲ့တဲ့ အပြုံးနဲ့ပြုံးပြကာ...

"ဂမုန်းတို့ ဒီနေရာလေးကနေ နှုတ်ဆက်ခြင်း မမြည်တဲ့ နှုတ်ဆက်ခြင်းနဲ့ နှုတ်ဆက်ခဲ့ပါတယ်..."

နောက်ဆုံးအနေနဲ့ ပြောရတော့မယ့် စကားတစ်ခွန်းကိုတော့ ချစ်ပေးကြသူတွေဘက်ကို မျက်နှာပြန်မူရင်း

"ဂမုန်းတို့ကို ချစ်ပေးကြသလို ဂမုန်းတို့ကလဲ အားလုံးကို ချစ်ပြီး အမှတ်ရနေမှာပါ..."

ပြီးတာနဲ့ ကလေးငယ်ကိုသာ တစိမ့်စိမ့်ပြန်ကြည့်နေလိုက်သည်...

FIRST LOVE (S2) [COMPLETED]Where stories live. Discover now