(Unicode)
"ကိုယ်လဲ မ ကို အတည်ကြံမလို့..."
"... ... ..."
ဂမုန်း တုန့်ပြန်စကားမဆိုနိုင်ဘဲရှိနေသေးလျက်ဖြစ်နေချိန် ထပ်ပြောလာသည်က...
"မ ကိုယ့်ကို အတည်ကြံပေးပါလား..."
မခို့တရို့ပြုံးကာပြောလာတဲ့ မုန်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်...
မုန်းကို ပေါက်ကရအတွေးဝင်အောင် လာဖန်တီးသွားတဲ့ နှစ်ကောင်ကိုလဲ စိတ်ထဲကနေမေတ္တာပို့ပေးနေမိသည်...
ဂမုန်း ရွေးချယ်စရာမရှိတာကြောင့် မုန်းရဲ့ လက်ကိုဆွဲပြီး အိမ်ထဲခေါ်ခဲ့ဖို့သာရှိတော့တယ်... ဒါ ဟိုအတွဲကြောင့်ဘဲ...
အမျိုးသမီးလေးနှစ်ယောက်ရဲ့ ချစ်ရေးချစ်ရာသည် လျှို့ဝှက်ထားခြင်းတစ်စုံတစ်ရာမရှိသည်မို့ ချစ်သူနှစ်ယောက်၏ အတည်ကြံခြင်းအစီအစဉ်မှာ တစ်ယောက်လက်ကိုတစ်ယောက်ဆွဲလျက် ခြံတံခါးကိုဖြတ်ကျော်ချိန်မှစ၍ ဆူးခင်းလမ်းကင်းကာ ပန်းခင်းလမ်းလို သာယာဖြောင့်ဖြူးလို့နေပါပြီ... သို့သော်...
အချိန်ကား ည၉နာရီကျော်ဖြစ်၏... ဧည့်ခန်းတစ်ခုတစ်ခုထဲဝယ် မကြာသေးခင်ကမှ မူးမေ့သွား၍ သတိပြန်ဝင်ခါစမိန်းမဖြစ်သူ၏နှာခေါင်းဝနားသို့ နှာရှူဆေးလေးအားတယုတယတေ့ပေးနေသည့် အထူးကုဆရာဝန်ကြီးသည် မျက်နှာချင်းဆိုင်ရှိ အဖိုးတန်သားဖြစ်သူအား စူးစူးဝါးဝါးစိုက်ကြည့်လို့နေ၏...
ဟိန်းမဟာဆက်သည် ခေါင်းတောင်မထောင်ဝံ့ဘဲရှိနေလျက် နဖူးထက်မှချွေးစတို့အား လက်ခုံဖြင့်ဖိသုတ်နေလေသည်...
မုန်းရောင်ခြည်က မမ ကို အတည်ကြံသွားပြီဆိုတဲ့ သတင်းစကားကြီးကို သူ့အစ်မနှစ်ယောက်ထံကကြားသွားတဲ့ အကောင်ပေါက်က ဟိန်းဝယ်ပေးထားတဲ့ brandကြက်ပေါင်းရည်နဲ့မုန့်ဘူးတွေကိုဆွဲပြီး ညကြီးအချိန်မတော်ရောက်ချလာသည်ကြောင့်ပေ... အစက မနက်ဖြန်ညနေမှခေါ်လာဖို့လုပ်ထားပေမယ့် တဇွတ်ထိုးကိုကျွမ်းထိုးပြီးတော့ကိုရောက်ချလာတော့ ဟိန်းမဟာဆက်ရဲ့ဘဝလေး ချွေးအိုင်ထဲနစ်ရချေလေပြီဖြစ်သည်...
YOU ARE READING
FIRST LOVE (S2) [COMPLETED]
Romance2.Sep.2020 LOVE STORY OF YANGON UNIVERSITY [2020 Version(2)] (Zawgyi) အခ်စ္ဦးကို အခ်စ္ဆံုးအေနနဲ႔သတ္မွတ္ခ်င္ၾကလား (Unicode) အချစ်ဦးကို အချစ်ဆုံးအနေနဲ့သတ်မှတ်ချင်ကြလား