(Unicode)
"ဂမုန်း~~~~ရေ!!!!!..."
"ဂမုန်း~~~~ရေ!!... ဂမုန်း~~~ရေ!!..."
အိမ်ထဲကပြေးထွက်လာတဲ့ အရိပ်တစ်ခုကိုမြင်သည့်တိုင်အောင် ရပ်တန့်သွားခြင်းမရှိသော အော်သံ...
ခြံဝက သေးသေးပိစိသူငယ်ချင်းမကို မျက်စောင်းခဲရင်း အံကြိတ်ပြလိုက်သည့် ဂမုန်း... ဒါကိုမြင်တော့ သွားလေးဖြဲကာ အပြစ်ကင်းသူကြီးနှယ် ရယ်ပြလာလေသည်...
ခြံတံခါးကို ဖွင့်ပေးရင်း...
"မိုးချုပ်နေပြီ... ဘေးအိမ်တွေ ခဲနဲ့ထုနေမယ်... မြန်မြန်ဝင်လာ..." လို့ ပြောလိုက်ပေမယ့် ခဲနဲ့ထုခံရမည်ကိုစိုးရိမ်နေသည်ထက် တူနဲ့ထုချင်နေတဲ့ ဂမုန်းရဲ့အတွင်းစိတ်မှာတော့ ထိုနှံပီစုတ်မကို မေတ္တာတွေအတောင့်လိုက်ကြီးပို့နေမိတယ်...
အိပ်နေပြီဖြစ်သော မေမေတောင် တချက်မျှထွက်ကြည့်လာပြီး အိမ့်စုမှန်းလဲသိရော မနိုင်ဘူးဆိုတဲ့အမူအရာဖြင့်ခေါင်းခါပြီးသာ အခန်းထဲပြန်ဝင်သွားလေသည်...
ကြွပ်ကြွပ်အိတ်အမဲကို ရင်ခွင်ပိုက်ရင်း ဂမုန်းအခန်းရှိရာသို့ သည်းကြီးမဲကြီးပြေးတက်သွားကာ ကုတင်ပေါ်မှာထိုင်နေတဲ့ မှုန်ကုပ်ကုပ်မျက်နှာပေးနဲ့ကောင်မလေးရှိရာဆီ ပြေးဝင်သွားတော့ လျင်မြန်စွာပင်ရှောင်တိမ်းလိုက်တဲ့ကောင်မလေးမှာ ပို၍မကြည်မလင်ဖြစ်လာသလို မြင်လိုက်ရတဲ့ဂမုန်းမှာလဲ ရင်ထဲထိတ်ကနဲဖြစ်သွားရသည်... ဘယ်လိုတောင် လက်ရဲဇက်ရဲနိုင်လွန်းတာလဲ...
မုန်းအနားသို့ အမြန်ပြေးရပ်လိုက်ပြီး သာသနာကို အထူးစပရှယ် ထူးရှယ်ပလန်နဲ့ဖျက်တဲ့ မမကို မကြည်ကြည့် ကြည့်လိုက်ရင်း...
"တစ်ယောက်တည်းလား..." ဟု မာဆတ်ဆတ်ဖြင့် မေးလိုက်သည်... မဟုတ်လျှင် နောက်ထပ် ငှက်ဆိုးမတစ်ယောက်ရဲ့အသံကိုကြားရနိုင်သည်မို့ မလာခင် ခြံဝထွက်စောင့်ဖို့လုပ်ရမည်...တစ်ယောက်တည်းဖြစ်ကြောင်းအား နှုတ်ရှုံ့ကာ ခေါင်းညိတ်ပြလာသည့် အိမ့်စု...
ပြီးနောက်...
"ဟွန့်... သင်းက လိုက်ရမှာပြင်းနေတယ်လေ... လိုက်ခဲ့ဖို့အတင်းခေါ်ရင်လဲ ညည်းခြင်းပေါင်းစုံနဲ့ညည်းပြရော... နင်တို့နှစ်ယောက်ကို လွှတ်ထားလိုက်စမ်းပါတဲ့... သိပ်ကို အပျိုကြီးဆန်လာတယ်..."
YOU ARE READING
FIRST LOVE (S2) [COMPLETED]
Romance2.Sep.2020 LOVE STORY OF YANGON UNIVERSITY [2020 Version(2)] (Zawgyi) အခ်စ္ဦးကို အခ်စ္ဆံုးအေနနဲ႔သတ္မွတ္ခ်င္ၾကလား (Unicode) အချစ်ဦးကို အချစ်ဆုံးအနေနဲ့သတ်မှတ်ချင်ကြလား