Crush 💜 ep-8

999 105 0
                                    

Unicode

Hyungနဲ့ကျွန်တော် ကျောင်းတူတူသွားတာ ဒီနေ့နဲ့ဆို နှစ်လတောင်ရှိပြီ  ဒီနှစ်လအတွင်းမှာ ကျွန်တော် Hyungရဲ့အနားမှာ ခွေးပေါက်လေး
တကောင်လိုကပ်နေနေခဲ့တယ်  Hyungသွားတဲ့နေရာမှန်သမျှ မလိုက်ခိုင်းရင်တောင်အတင်းဂျီကျပြီးလိုက်တယ် ။ Hyungစာကြည့်တိုက်သွားရင်တောင်ကျွန်တော်လိုက်တယ် စာကိုဂရုတစိုက်ကြည့်နေတဲ့ Hyungကို ကျွန်တော်တနေကုန်ထိုင်ကြည့်ရတာကိုသဘောကျတယ် ။ Hyungနေမကောင်းလို့ကျောင်းမတက်ရင် ကျွန်တော်လဲနေမကောင်းချင်ယောင်ဆောင်ပြီး ကျောင်းပျက်တဲ့အထိကို ကျွန်တော် Hyungအနားမှာတွယ်ကပ်ခဲ့တယ် ။ ကျောင်းကလူတော်တော်များများလဲ သိနေပုံရတယ် ကျွန်တော် Hyungကိုဘယ်လောက်သဘောကျလဲဆိုတာကိုပေါ့ ဒါပေမဲ့ ကျွန်တော့်အချစ်တွေကို Hyungမမြင်ဘူးထင်ပါတယ် ကျွန်တော်သူ့ကိုလိုက်ကပ်တိုင်း စိတ်ရှုပ်တယ်စိတ်ကျဉ်းကျပ်တယ်ဆိုပြီး အမြဲမောင်းထုတ်လေ့ရှိတယ် ။ တခါတခါ ဟန်နာဖုန်းဆက်ခေါ်တိုင်းကျွန်တော်ကိုလမ်းတဝက်မှာထားခဲ့ပြီး ထွက်သွားတတ်တာ အကြိမ်ပေါင်းမနဲဘူး ။

ကျွန်တော်ကို Hyungထားခဲ့တိုင်းတွေးမိတယ် ကျွန်တော် Hyungကို လက်လွှတ်လိုက်ရင်ကောင်းမလားဆိုတာကိုပေါ့ ~~~~

SN - "Hyung ကျောင်းသွားမယ်လေ"

SH - "ဟန်နာက ဒီနေ့သူ့အိမ်က ကားကပျင်နေလို့တို့ Busကလဲသူကမစီးတတ်တော့ Hyungသွားကြိုပေးရမှာ အဲ့ဒါ ဆောနူ အိမ်ကကားနဲ့ဘဲသွားလိုက်ပါလား"

SN's POV - "တွေ့လား လာပြန်ပြီ အဲ့ဟာမအကြောင်းဘဲ အရင်ကလိုတော့မလျော့ပေးနိုင်ဘူး"

SN - "ဆောနူအိမ်မှာကားတော့ရှိတယ် ‌ဒရိုင်ဘာအာကြူးရှီးက နေမကောင်းလို့တဲ့နားရက်ယူထားတာ အဲ့ဒါ ဆောနူကဘယ်လိုသွားရမှာလဲ Hyung"

SH - " Bus နဲ့သွားလေ"

SN - "Hyungကလဲ ဆောနူက Busမှမစီးဖူးတာ Hyungမသိတာလား?? အော်~ အေးပေါ့လေ ဆောနူက နူးနား ဟန်နာလောက်အရေးမကြီးတဲ့လူဆိုတော့လဲ Busနဲ့သွားလဲ ဂရုစိုက်စရာမှမလိုတာနော် ဆောနူက ယောကျာ်းလေးဆိုတော့ လမ်းမှာ အန္တရာယ်ပေးမဲ့သူလဲမရှိလောက်ပါဘူးလေ "

Crush [Completed]Where stories live. Discover now