Unicode
_ဂျွန်ဝမ် တို့ Hyungတို့ရဲ့အကူအညီနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်လိုက်တော့ ကျွန်တော်ခြေထောက်တွေက အရင်တုန်းကလောက်ထိသွက်သွက်လက်လက်မရှိ ပေမဲ့ ပုံမှန်လိုပြန်ကောင်းနေခဲ့ပြီ ။ အခုဆို ကျွန်တော်က တက္ကသိုလ်ကျောင်းသားကြီးဖြစ်တာတောင်
တစ်နှစ်ကျော်ရှိခဲ့ပြီ ။ လူကြီးနဲ့ကတော့ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ နေ့တိုင်းတရက်မပြတ် ဖုန်းပေါ်ပြီး အလွမ်းသယ်နေကြ နောက်ပိုင်း ကျွန်တော် လူကြီးအပေါ်အရမ်းဆိုးမိလို့လူကြီးစိတ်ပျက်နေပြီလားမသိဘူး ကျွန်တော့်စီကိုတပတ်မှာနှစ်ခါလောက်ဘဲဖုန်းခေါ်ပြီးစကားတော့တယ် ။ အခုလိုဆက်ဆံရေးမဖြစ်ခင် တပတ်လောက်ကထဲက လူကြီးနဲ့ ကျွန်တော် ပြသာနာလေးတွေတက်ခဲ့ကြတယ်SH - " ကင်ဆောနူ ~"
SN - " လူကြီး ဘယ်လိုခေါ်လိုက်တာလဲ??"
SH - " မင်း နာမည်ကိုခေါ်တာလေ မင်းငါ့စကားကိုတကယ်နားမထောင်တာလား မင်းမေ့လိုက်တာလား "
SN - " Hyungဘာတွေပြောနေတာလဲ ဆောနူ Hyungနောက်ကွယ်မှာ နှစ်နှစ်အတွင်းဘာအမှားများလုပ်မိလို့လဲ Hyungစကားနားထောင်ပြီး နေနေတဲ့သူပါ "
SH - " အဲ့တာဆို မင်းမနေ့ညကဘယ်အချိန်အိမ်ပြန်ရောက်လဲ "
SN - " ဟိုအဲ့တာကလေ ဆောနူလဲသေချာမသိဘူးနာရီမကြည့်မိလိုက်လို့ "
SH - " ဘယ်သိမလဲ တက္ကသိုလ်ကျောင်းသားကြီးကင်ဆောနူက မနေ့ညက ကလပ်မှာ မူးနေအောင်သောက်ပြီးကဲနေတာလေ အဟက် "
SN - "ဟီဆွန်း Hyungတို့ကလိုက်ခဲ့ဆိုလို့ လိုက်သွားမိတာပါ "
SH - " သူတို့ခေါ်တိုင်းလိုက်ရလား မင်းကိုအဲ့နေရာ ငါသွားခွင့်ပြုထားလို့လား ပြီးတော့ လိုက်သွားရုံတင်မရဘူး မင်းကသောက်ပါသောက်လိုက်သေးတယ် ငါ့မှာတော့မင်းကိုသတိရလို့ စာတွေပို့ပြီး စိတ်ပူနေလိုက်ရတာ မင်းကတော့ "
SN - " တောင်းပန်ပါတယ် Hyung ဆောနူနောက်ဆို မသွားတော့ပါဘူး သောက်လဲမသောက်တော့ပါဘူးနော် လူကြီး ဆောနူကိုတော့ မင်းတွေငါတွေနဲ့ပြောပြီးစိတ်မဆိုးပါနဲ့တော့ တကယ်တောင်းပန်ပါတယ် ဆောနူမှားပါတယ်"
YOU ARE READING
Crush [Completed]
FanfictionUnicode Name - Kim Sunoo 🦊 Age - 16 _မိမိ Crush မိမိကိုပြန်ကြိုက်ရေးဆိုတဲ့စကားကိုလက်ကိုင်ထားတဲ့ Sunshineပိစိလေး (Hyungနဲ့ကျွန်တော်ဘယ်လောက်ဘဲရန်ဖြစ်ဖြစ်ဟိုးအရင်ထဲကကျွန်တော်ချစ်တာ Hyung တယောက်ထဲကိုပါ) Name - Park Sunghoon 🐧 Age - 17 _Kim Sun...