Crush 💜 ep-17

1.1K 108 4
                                    

Unicode

-ဆေးရုံမှာနှစ်ရက်မြောက်နေ့

ကျွန်တော့် ကလေးငယ် အခုထိမနိုးလာသေးဘူး မျက်တောင်ရှည်ရှည်လေးတွေ နဲ့ မျက်လုံးလှလှလေးကလဲ မှိတ်ထားဆဲ ၊ အမြဲပန်းနုရောင်သန်းနေတဲ့နှုတ်ခမ်းပါးလေး နဲ့ ပါးမို့မို့လေးကလဲဖြူဖျော့နေတယ် လက်သွယ်သွယ်လေးကို အချိန်တိုင်းစုတ်ကိုင်ထားမိတယ် ဘာလို့လဲဆိုတော့
ကုတင်ပေါ်ကကလေးငယ် ကျွန်တော့်ကိုထားသွားမှာကြောက်လို့ပါ

JW - " Hyung အိမ်ပြန်ပြီးနားပါလား ကျွန်တော်တို့စောင့်ပေးပါ့မယ်"

Jay - " ဟုတ်တယ် ဟျောင့် မင်းညဆိုလဲမအိပ်တဲ့ပုံဘဲ ပြန်နားလိုက်ပါ ငါတို့စောင့်နေပေးပါ့မယ် ကြာရင်မင်းပါလဲသွားလိမ့်မယ်"

SH - " ငါကရပါတယ် အိမ်ပြန်လဲမနားချင်ပါဘူး ငါပြန်သွားတဲ့အချိန် ဆောနူနိုးလာရင်ဘယ်လိုလုပ်မလဲ ငါဆောနူဘေးနားရှိနေမှဖြစ်မှာ"

HS - " အဲ့လောက်ခေါင်းမာတဲ့သူကို ဆောနူ
ဘာသဘောကျလဲမသိပါဘူး အသက်ထက်ပိုပြီးတော့ကိုသဘောကျနေတာကနားလည်လို့မရဘူး"

SH - " အသက်ထက်ပိုတယ်~"

HS - " ဂျေး နဲ့ ဂျွန်ဝမ်တို့ ငါတို့ဆောင်ဟွန်းကိုပြောပြလိုက်ရင်ကောင်းမယ် ဆောနူစိတ်ဆိုးလဲငါခံလိုက်တော့မယ် "

Jake - " ဟျောင့် မင်းကလဲ ဒီလောက်ထိဖြစ်နေပြီးတော့မှပြောပြရမှာပေါ့ ဆက်ဖုံးကွယ်ထားရင် မကောင်းဘူး ဆောနူစိတ်ဆိုးရင် ငါတို့အားလုံးပြန်ချော့ကြတာပေါ့ကွာ "

HS - " အေးပါ~  အမောင် ဆောင်ဟွန်း ဆောနူရဲ့လက်ကိုခနလောက် လွှတ်ပြီး ငါတို့နဲ့တူတူလာထိုင်ပါအုန်း ပြောစရာလေးရှိလို့ပါ"

{ဆောနူမပြောခိုင်းတဲ့အကြောင်းအရာတွေအစအဆုံး တလုံးမကျန်ပြောပြလိုက်သည်}

HS - "အဲ့လိုဘဲကွာ အဲ့တာကြောင့်မင်းကိုငါပြောခဲ့တယ်မလား အမှန်ကိုသိမှနောင်တရနေရမယ်လို့လေ " ပြောသာပြောရ‌တာ ကျွန်တော်သူငယ်ချင်းရေခဲတုံးကြီးက လက်ကိုကျစ်အောင်စုတ်ပြီး မျက်ရည်များကျနေသည် သေချာတာပေါ့ နောင်တ တရားတွေနဲ့အတူတူ နာကျင်နေပြီ

Crush [Completed]Where stories live. Discover now