Marcia နဲ့ Howard Collins တို့က Church ကျောင်းတစ်ခုမှာ တွေ့ဆုံခဲ့ကြတာပါ။
Marcia က 35 နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး Howard ကတော့ 41 နှစ်ပါ။Howard က မြို့ရဲ့တောင်ဘက်အစွန်က အိမ်ကလေးမှာ သူ့အမေနဲ့အတူ နေထိုင်ပါတယ်။Marica ကတော့ သူ့ရဲ့ ညီမဖြစ်သူ Karin ၊အဖေဖြစ်သူ George Grant နဲ့အတူ သုံးလမ်းကျော်က အဆောက်အဦးမှာ နေထိုင်ပါတယ်။
Marcia က အလုပ်လက်မဲ့တစ်ယောက်ပါ။ပြောရရင်တော့ သူ့ရဲ့အဖေ George Grant က နာတာရှည်လူနာတစ်ယောက် ဖြစ်တာကြောင့်ပါ။သူမက အမြဲ သူ့အနားမှာ ပြုစုပေးရတဲ့ တစ်ဦးတည်းသော သူပေါ့။ဒါကြောင့် သူမက အမြဲ အိမ်မှာပဲ နေလေ့ရှိပြီး သူ့ရဲ့ညီမ အိမ်မှာ ရှိမှသာလျှင် သူက အြပင်ထွက်လေ့ရှိတယ်။
ညီအစ်မနှစ်ယောက်ဆိုပေမယ့် အရမ်းကို ခြားနားလွန်းပါတယ်။Marcia က အရပ်နည်းနည်းပုပြီး သူမရဲ့ မျက်နှာသေးသေးလေးနဲ့ လိုက်ဖက်တဲ့ ပိတုန်းရောင် ဆံပင်အတိုလေးကို ပိုင်ဆိုင်ထားလေတယ်။
Karin ကတော့ Marcia ထက် အသက် ဆယ်နှစ်တောင် ငယ်ပါတယ်။သူမက နှစ်ဆယ်ကျော် မိန်းကလေးတစ်ယောက်ရဲ့ အလှအပတွေ အားလုံးကို ပိုင်ဆိုင်ထားသူပေါ့။ရှည်လျားတဲ့ အရပ်မောင်းအပြင် သူမရဲ့ အညိုရောင်ဆံပင်ရှည်တွေကလည်း အရမ်းကို လှပပါသေးတယ်။လှပတဲ့ ခြေတံသွယ်သွယ်လေးကတော့ နေရောင်ခြည်အောက်မှာ အလှဆုံးပေါ့။ဒါကြောင့် တစ်ခါတစ်လေမှာ လူတွေက Marcia ကို ပြောလေ့ရှိတယ်..
"မင်းရဲ့ညီမက အရမ်းလှတာပဲ"
လူတော်တော်များများက Karin ကို date ဖို့ ပြောလေ့ရှိတယ်။dinner စားတာပဲြဖစ်ဖြစ် ရုပ်ရှင်အတူကြည့်တာပဲ ဖြစ်ဖြစ်ပေါ့။
ဒါပေမယ့် Marcia ကတော့ အြမဲ အိမ်ထဲမှာပါပဲ။
Karinက မြို့ထဲက shop တစ်ခုမှာ အလုပ်လုပ်တယ်။သူမအိမ်မှာ ရှိတဲ့အခါမျိုးမှာဆိုရင် သူမက အဆောက်ဦးရဲ့ ခေါင်မိုးထပ်က ပန်းခြံလေးမှာ နေပူဆာ
လှုံလေ့ရှိတယ်။မေလရဲ့ တစ်ခုသော sunday မှာတော့ Marcia ဆိုတဲ့ သူမက Howard ကို ပထမဆုံးအကြိမ်အဖြစ် အိမ်ကို ခေါ်လာခဲ့တယ်။
သေချာတာကတော့ သူမရဲ့ အဖေနဲ့ မိတ်ဆက်ပေးဖို့ပေါ့။
YOU ARE READING
ချစ်လှစွာသော ညီမလေး(mm translation)(complete)