နောက်စနေနေ့မှာတော့ Howard က Marcia ကို မနက်အစောကြီးဖုန်းခေါ်ခဲ့ပါတယ်။
"ကိုယ်......ကိုယ် နေလို့မကောင်းဘူး "
"ကိုယ်တော့ ဒီနေ့ church ကျောင်းကို မလာနိုင်တော့ဘူးထင်တယ်"
Howard က Marcia ကို ပြောခဲ့တယ်။"အချစ်ရယ် ကျွန်မတောင်းပန်ပါတယ်နော် "
"ကျွန်မ အိမ်ပြန်ရောက်တဲ့အခါ ဖုန်းပြန်ခေါ်ပါ့မယ်""အင်း ရပါတယ်"
"နေ့လည် တစ်နာရီမတိုင်ခင်အထိ ကျွန်မ ဖုန်းပြောလို့ ရမယ် မထင်ဘူး"
"Church မှာက meeting တစ်ခုရှိလို့ အဲ့တာ ကျွန်မ ဒီနေ့ အိမ်ပြန်နောက်ကျမယ်ထင်တယ်"
"ကျွန်မထင်တာတော့ အာဖရိကအကြောင်းထင်တယ်""အိုး ဟုတယ် ကိုယ်မှတ်မိပြီ"
သို့ပေမယ့် Marcia မှားသွားခဲ့ပါတယ်။ဘာလို့ဆို church ကျောင်းပြီးသွားသည့်တိုင် meeting ဆိုတာ မရှိခဲ့လို့ပါပဲ။
အဲ့ဒီ စနေနေ့ မှာပါပဲ.....။
သူမက church ကနေ ပုံမှန်တိုင်း ပြန်လာခဲ့ပြီးနောက် နေ့လည် 12 နာရီမထိုးခင်မှာပဲ အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။
ပထမဆုံး သူမက သူမရဲ့ အဖေကို သွားကြည့်ခဲ့တယ်။ဒါပေမယ့်လည်း သူက အိပ်နေပါတယ်လေ။
ပြီးတော့ သူမက Howard ဆီကို ဖုန်းခေါ်ခဲ့တယ်။ဒါပေမယ့် တစ်ဖက်မှာတော့ ဖြေဆိုသူ မရှိခဲ့ပါဘူး။
'အိုး သူ အိပ်နေတာလည်း ဖြစ်နိုင်တာပဲ '
Marcia ရဲ့ အတွေးတွေဟာ ရိုးစင်းလွန်းခဲ့ပါတယ်။'ပြီးတော့ သူ့အမေကလည်း သူ့ဖုန်းကို ဖြေပေးချင်မှာ မဟုတ်ပါဘူးလေ'Marcia က သူမရဲ့ အခန်းကို ပြန်သွားခဲ့တယ် ပြီးတော့ သူမရဲ့ စကတ်အရှည်ကြီးကို ဝတ်ဆင်ပြီးတော့ ေခါင်မိုးထပ်က ဥယျာဥ်လေးဆီကို သွားခဲ့တယ်။
သူမရဲ့လက်တွေဟာ ခေါင်မိုးထပ်တံခါးကို ဖွင့်လိုက်တယ့်အခါမှာတော့........
သူမရဲ့ အရာအားလုံးဟာ ရပ်တန့်သွားခဲ့ပါပြီ။တံခါးက တစ်ဝက်လောက်ပွင့်နေပြီး သူမဟာ အရာအားလုံးကို ကြားနေရတယ်။
ေသချာတာတော့ Karin ဟာ တစ်စုံတစ်ယောက်နဲ့အတူ ရှိနေတယ် ဆိုတာပါပဲ။
YOU ARE READING
ချစ်လှစွာသော ညီမလေး(mm translation)(complete)