Chapter - 613 (သူမတကယ်ကြီးကလေးထိန်းတစ်ယောက်ဖြစ်လာခဲ့ပြီ)

3.3K 421 7
                                    

Unicode


မိုင်ဒေါ့အာတစ်ယောက် သူ့ရဲ့မူလစည်းကမ်းတွေကို ဒီလောက်လွယ်လွယ်နဲ့ စွန့်လွှတ်လိုက်မယ်လို့ နဉ်ရှုထင်မထားခဲ့ဘူး။ သူမနှုတ်ကနေပြောဆိုကဲ့ရဲ့ခဲ့တဲ့အမျိုးသမီးတွေပုံစံ သူမလည်းဖြစ်လာနေခဲ့ပြီ။ အောင်မြင်ဖို့အကျိုးအတွက် သူမခန္ဓာကိုယ်ကိုရောင်းဖို့ သူမဆန္ဒရှိနေခဲ့တယ်။


အဲ့ဒါကြောင့် တူညီတဲ့အခက်အခဲကိုကြုံတွေ့ခဲ့တဲ့သူတိုင်း တစ်ခြားတစ်ယောက်ကို စော်ကားဖို့အခွင့်အရေးမရှိဘူး။ ဒါက မိုင်ဒေါ့အာကိုယ်တိုင်ရွေးချယ်ခဲ့တာကြောင့် နဉ်ရှုမိုင်ဒေါ့အာအတွက် စော်ကားတယ်လို့ မခံစားရဘူး။ လူတိုင်းက သူတို့ရှင်သန်ရာအတွက် ကိုယ်ပိုင်နည်းလမ်းတွေရှိကြတာပဲ။


ဒါပေမယ့် အခု မိုင်ဒေါ့အာကလည်း ကွဲပြားမှုမရှိတော့တာကြောင့် သူမတခြားသူတွေကို အထက်စီးကနေ နှိမ်ကြည့်လို့မရတော့ဘူး။


မိုင်ဒေါ့အာမသက်မသာဖြစ်နေတာကို နဉ်ရှုမြင်တော့ သူမကိုမေးခဲ့တယ် "အကိုက်အခဲပျောက်ဆေးတစ်ချို့ အမနင့်ကိုဝယ်ပေးဖို့လိုလား?"


မနေ့ညတုန်းက အခြေအနေတွေက နည်းနည်းလေးပြင်းထန်နိုင်တာမလို့ ဒါကသေချာပေါက်ဖြစ်မှာပဲလေ။ မိုင်ဒေါ့အာခေါင်းညိတ်လိုက်တယ် ပြီးတော့ သူမနဉ်ရှုကိုကြည့်လိုက်ပြီး ပြောခဲ့တယ် "အမချန်, ညီမအမကို တစ်ခုလောက်မေးလို့ရမလား?"


"ဘာများလဲ?" မိုင်ဒေါ့အာအတွက် အရောင်ကျဆေးသွားဝယ်ဖို့ ပြင်နေခဲ့တယ်။


မိုင်ဒေ့ါအာနှုတ်ခမ်းတွေကိုကိုက်ပြီးတော့ ပြောလိုက်တယ် "ကျေးဇူးပြုပြီး မော့ကျယ်ဖန်းနဲ့ညီမရဲ့ဆက်ဆံရေးအကြောင်း သူများတွေကို မပြောပြပါနဲ့နော်။ ညီမတခြားလူတွေ မသိစေချင်ဘူး။"


"ဘာလို့လဲ?" နဉ်ရှုစိတ်ရှုပ်သွားခဲ့တယ်။ "လူတွေ နင်နဲ့မော့ကျယ်ဖန်းရဲ့ဆက်ဆံရေးကိုသိရင် ဖျော်ဖြေရေးနယ်ပယ်က နင့်ကိုယ်ပိုင်ရေကူးကန်လိုဖြစ်လာမှာလေ။ နင်ကမော့ကျယ်ဖန်းရဲ့မိန်းကလေးမှန်း သူတို့သိသွားရင် ဘယ်သူကမှနင့်ကိုမလေးမစားလုပ်ရဲမှာမဟုတ်ကြဘူး။"

Sugar Daddy's Doting Love (Realm 9)Where stories live. Discover now