Chapter - 640 (တစ်ချိန်တုန်းက, သူမမန်နေဂျာလည်း ...)

3.2K 391 3
                                    

Unicode


ဆေးရုံစရိတ်တွေက တော်တော်လေးစျေးကြီးတယ်။ သူမမန်နေဂျာက ဒီကိစ္စတွေကို သူမအတွက်ဖြေရှင်းပေးတာမလို့ မိုင်ဒေါ့အာဒီလိုပုံစံကို အရင်တုန်းက တစ်ခါမှမလုပ်ခဲ့ရဖူးဘူး။ ဒါပေမယ့် ပိုက်ဆံတွေက အခုတော့သူမရဲ့လက်တွေထဲကထွက်နေခဲ့ပြီ။ သူမမှာပိုက်ဆံဘယ်လောက်ပဲရှိခဲ့ရှိခဲ့ ဒါတွေကမလောက်ဘူးလို့ သူမခံစားနေရတယ်။ သူမမှာ ဒေါ်လာဆယ်သန်းတန်တဲ့ချက်လက်မှတ်ရှိနေပေမယ့် အရမ်းမလွယ်ကူသလို သူမခံစားနေရသေးတယ်။


သူမကျန်းမာရေးက တော်တော်လေးပြန်ကောင်းလာတော့ သူမဆေးရုံကဆင်းခဲ့လိုက်တယ်။ ဒါပေမယ့် တိုက်ခန်းကိုသူမရောက်သွားတော့ သူမရဲ့သော့နဲ့တံခါးကိုဖွင့်လို့မရနိုင်တော့တာကို သူမသိလိုက်ရတယ်။


အခုမှ သူမစာချုပ်ရပ်ဆိုင်းလိုက်တယ်ဆိုတာ သူမမှတ်မိသွားတာကြောင့် အိမ်တစ်လုံးသွားရှာဖို့ကလွဲပြီး သူမမှာရွေးစရာမရှိခဲ့ဘူး။ အဲ့ဒီနောက် ဇာတ်ကောင်တွေရဖို့ လူရွေးပွဲတွေကို သူမနေ့တိုင်းသွားခဲ့တယ်။


ဒါပေမယ့် ဒါရိုက်တာအများစုက သူမကိုမလိုချင်ကြဘူး။ သူမအမြှောင်မယားဖြစ်ခဲ့တယ်ဆိုတဲ့သတင်းက အရမ်းဟော့ဖြစ်တဲ့သတင်းဖြစ်နေသေးတာကြောင့် မိုင်ဒေါ့အာအတွက် ဘယ်အလုပ်မဆိုရဖို့ခက်ခဲတယ်။


တစ်ချို့အကျင့်မကောင်းတဲ့သူတွေက သူမသူတို့ကိုတစ်ညတာဖျော်ဖြေပေးမယ်ဆိုရင် သူမကိုဇာတ်ကောင်ပေးမယ်ဆိုပြီး ပြောကြပေမယ့် မိုင်ဒေါ့အာချက်ချင်းငြင်းခဲ့တယ်။


မိုင်ဒေါ့အာက စျေးပိုရအောင် ရိုးသားချင်ယောင်ဆောင်နေတာလို့ အဲ့ဒီလူကြီးတွေကနောက်ပိုင်းပြောလာကြတယ်။ သူအမျိုးသားဘယ်နှယောက်နဲ့အိပ်ခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ?


အဲ့ဒီလူတွေက တိရစ္ဆာန်လိုအကျင့်မျိုးနဲ့ သူမကိုနာကျင်အောင်လုပ်ဖို့ပဲလာနေကြတယ်။ မော့ကျယ်ဖန်းအရင်ကအိပ်ခဲ့တဲ့အမျိုးသမီးရဲ့အရသသာကို သူတို့စမ်းကြည့်ချင်နေကြတယ်။

Sugar Daddy's Doting Love (Realm 9)Donde viven las historias. Descúbrelo ahora