Chapter - 618 (ဆေးသောက်ရမယ်ဆိုတာ ညီမမသိခဲ့ဘူး)

3.2K 390 3
                                    

Unicode


"ညီမ-ညီမ..."မိုင်ဒေါ့အာ သူမလက်ကို သူမဗိုက်ပေါ်တင်လိုက်တယ်။ သူမဘာလုပ်ရမလဲမသိဘူး။ "ညီမရိုက်ကူးဖို့ကျန်နေသေးတယ်။ ဒီဇာတ်ကောင်က တော်တော်လေးအရေးကြီးတာမလို့ ညီမဘာလုပ်သင့်လဲ? ညီမဘာလုပ်ရမလဲ?"


နဉ်ရှု မျက်မှောင်ကြုပ်လိုက်တယ်။ "နင်ဘာလို့ နင့်ကိုယ်နင် ကိုယ်ဝန်ရှိလာအောင် ခွင့်ပြုထားတာလဲ? မော့ကျယ်ဖန်း ဘာကွန်ဒုံးမှ မသုံးခဲ့ဘူးဆိုရင် နင်ကိုယ်ဝန်ရှိလာနိုင်တယ်ဆိုတာ သိသာနေတာပဲ။ နင်တားဆေးတွေရော သောက်ခဲ့လား?"


မိုင်ဒေါ့အာ စိတ်ရှုပ်လာပြီး ခေါင်းရမ်းလိုက်တယ်။ "ညီမမသောက်ခဲ့ဘူး။ ဆေးသောက်ရမယ်ဆိုတာ ညီမမသိခဲ့ဘူး။"


တကယ်ကြီးလား? တကယ်သန့်စင်ပြီး အစွန်းအထင်းမရှိတဲ့ကြာပန်းဖြူဇာတ်လိုက်မဆိုတဲ့အတိုင်း ဒီလောက်အခြေခံကျတာကိုတောင် သူမမသိဘူး! တကယ်ပါပဲ။


မော့ကျယ်ဖန်းအကာအကွယ်သုံးတာ မိုင်ဒေါ့အာတစ်ခါမှမမြင်ဖူးတာမလို့ သူ့အကြိုက်ကိုလိုက်ပြီး ကွန်ဒုံးသုံးဖို့အတွက် သူ့ကိုဘယ်တော့မှ အစပြုပြီးမပြောခဲ့ဘူး။ မော့ကျယ်ဖန်းကိုစိတ်ဆိုးအောင် သူမလုပ်မိသွားပြီးတော့ မော့ကျယ်ဖန်းသူမကိုမကြိုက်တော့မှာ သူမစိုးရိမ်တာမလို့ မော့ကျယ်ဖန်းအနားမှာ သူမအမြဲတန်း အရမ်းသတိထားခဲ့တယ်။


ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စတွေပြီးသွားရင် အမျိုးသမီးတွေက တားဆေးသောက်ပေးရတယ်ဆိုတာ သူမတကယ်မသိခဲ့ဘူး။


နဉ်ရှု : ...


သူတကယ်ချစ်တဲ့အမျိုးသမီးကို ဒီလိုဒုက္ခတွေကြုံရမှာကို အမျိုးသားတွေက အဖြစ်မခံကြဘူး။ ဒီတော့ ကြည့်ရတာ မော့ကျယ်ဖန်းက မိုင်ဒေါ့အာကို တအားမကြိုက်တော့ဘူးပဲ။


ကျစ် ကျစ်။ မူလဇာတ်ကြောင်းထဲမှာတော့ လက်မထပ်မချင်း မိုင်ဒေါ့အာကိုယ်ဝန်မရခဲ့ဘူး။ ဒါမှမဟုတ် သူမကိုယ်ဝန်ရှိလာတာမလို့ သူတို့ချက်ချင်းလက်ထပ်လိုက်တာလဲဖြစ်နိုင်တာပဲ။

Sugar Daddy's Doting Love (Realm 9)Donde viven las historias. Descúbrelo ahora