ကိုကိုမျက်နာသာပေးတာခံချင်တယ်...ကျနော်ကသိပ်ဆိုးတာပဲကိုကိုမရနိုင်မှန်းသိသိနဲ့လိုချင်တယ်...အဲ့တာကိုကို့အမှားလဲပါတယ်ကျနော့်ကိုမျှော်လင့်ချက်တွေပေးတဲ့လူကြီး...
"ဟေ့..ရိပေါ်ထတော့လေမင်းစာကြည့်တိုက်ထဲစာလာကြည့်တာလားငိုက်နေတာလား..."
"ဟင်..ကိုကိုဘယ်တုန်းကရောက်နေတာလဲ...ဘာလာလုပ်တာလဲ.."
ရိပေါ်အိပ်ချင်မူးတူးနှင့်ရှောင်ကျန့်ကိုမော့ကြည့်ရင်းမေးလိုက်တယ်....
"လူလာရှာတာလုပ်ချင်တာလုပ်သွားပြီးမခုပ်တတ်တဲ့ကြောင်လိုလုပ်နေတဲ့ကောင်ကိုလာရှာတာ..."
"ကိုကိုရန်ဖြစ်ဦးမလို့လား...မဖြစ်ပါနဲ့တော့ကိုကိုရာ..ကျနော်မုန့်လိုက်ဝယ်ကျွေးမယ်လေလာသွားမယ်..."
ရှောင်ကျန့်ကအမြဲရန်ဖြစ်နေတတ်တဲ့သူမို့ရိပေါ်သူ့ကိုဒဏ်ရာတွေနဲ့မြင်ရတိုင်းစိတ်မချမ်းမသာဖြစ်ရတယ်ဒါကြောင့်အခုရှောင်ကျန့်လက်မောင်းကိုချိတ်ပြီးသွားဖို့ခေါ်လိုက်တော့ရှောင်ကျန့်ကလက်ကိုဖြုတ်ချပြီးမျက်မှောင်ကျုံ့ကာကြည့်တယ်....
"ဝမ်ရိပေါ်..ငါ့ကိုဆရာကြီးလာမလုပ်နဲ့..ကို့အလုပ်ကိုလုပ်အတန်းတက်မှာမလားလစ်တော့..."
"ကိုကို..ကျနော်က.."
"သွားစမ်းကွာ..."
ရှောင်ကျန့်ရိပေါ့လွယ်အိတ်ကိုအတင်းထိုးပေးပြီးကျောကနေတွန်းကာမြန်မြန်သွားခိုင်းလိုက်သည်...
ကျောင်းမှာမှုန်ကုပ်ကုပ်နဲ့တစ်ယောက်ထဲနေတတ်တဲ့ကောင်လေးကိုအနိုင်ကျင့်တဲ့လူတွေလက်ထဲကယ်ရင်းရှောင်ကျန့်နဲ့ရိပေါ်ရင်းနှီးသွားခဲ့တယ်...
ကိုကိုကရိပေါ့အတွက်တော့heroပဲလေ...ရိပေါ်ချစ်တဲ့heroကိုကို...
ရှောင်ကျန့်ဆီကနှင်ထုတ်ခံလိုက်ရတာမို့ရိပေါ်ဝမ်းနည်းပြီးမျက်ရည်ကျချင်လာသည်...ငိုရင်စိတ်ညစ်တယ်မကြိုက်ဘူးလို့ပြောဖူးတဲ့ရှောင်ကျန့်ရဲ့စကားကိုမှတ်ထားပြီးသူမငိုမိအောင်ထိန်းရင်းအတန်းထဲဝင်လာကာစိတ်မပါလက်မပါနဲ့စာသင်နေတယ်...ကျောင်းဆင်းချိန်ရောက်တော့တစ်ယောက်တည်းလွယ်အိတ်ကြိုးလေးကိုကိုင်ရင်းဆူပုတ်ပုတ်နဲ့ခေါင်းငုံ့ကာလျှောက်နေတဲ့ရိပေါ်ကိုရှောင်ကျန့်နောက်ကလှမ်းတွေ့လိုက်တယ်....
YOU ARE READING
ကိုကို့ရဲ့ဝမ်(short story)
Short Storyအရင်ကအပြစ်တွေအတွက်လက်ရှိမှာကိုကိုကဝမ်ချေချေလေးကိုပိုချစ်ပေးမယ်....