"CEOခဏနေတွေ့ဖို့ချိန်းထားတာသွားရတော့မယ်နော်..."
"ကိုကိုလို့ခေါ်လေ.."
"အလုပ်မှာကို..."
"ဘယ်သူ့ကိုကြောက်ရမှာလဲ...သွားဖို့ပြင်လိုက်တော့..."
ရိပေါ်ရှောင်ကျန့်ကိုမျက်စောင့်ထိုးရင်းသာဖိုင်တွေကောက်ထည့်ပြီးရုံးခန်းအပြင်ထွက်လိုက်တော့တယ်....
"အထဲမှာဧည့်သည်ရောက်နေပြီပြောပါတယ်ဝင်သွားလိုက်ပါ..."
"လိုက်ခဲ့လေ...ဘယ်မာနေခဲ့ဖို့စဥ်းစားနေတာလဲ.."
ရိပေါ်အထဲရောက်တာနဲ့မထင်မှတ်ထားတဲ့လူကိုတွေ့လိုက်ရတယ်အဲ့တာကတော့ကိုကို့ရည်းစားဟောင်း...
"ကို..နေကောင်းတယ်နော်.."
"တေွ့ရမယ်ဆိုတာမင်းလား.."
"အင်းလေစကားလေးဘာလေးအေးဆေးပြောရအောင်အတွင်းရေးမှူးကိုအပြင်လွှတ်လိုက်ပါလား..."
"အော်ဟုတ်တာပေါ့..ရိပေါ်အပြင်မှာစောင့်နေနော်ကိုကိုစကားပြောလိုက်ဦးမယ်..."
"အဲ့တာဟိုကလေးလားသူတောင်တော်တော်ချောလာတယ်နော်..."
ရိပေါ်ခုံလေးဆွဲပြီးထိုင်မလို့လုပ်ရုံရှိသေးရှောင်ကျန့်ကအခန်းပြင်ကိုထွက်သွားခိုင်းတာကြောင့်ဘာမှမပြောတော့ပဲအေးဆေးသာထွက်လာလိုက်တယ်..ကိုကို့အတွက်ကျနော်ဟာဘယ်တုန်းကမှအရေးမပါခဲ့ပါဘူး...
သီးသန့်ခန်းရဲ့အရှေ့မှာမတ်တပ်ရပ်စောင့်ပေးရင်းရိပေါ်ဗိုက်အောင့်လာတယ်ရှောင်ကျန့်ပြင်တဲ့မနက်စာကအရသာမရှိတာကြောင့်သူနဲနဲပဲစားခဲ့တာမို့ခုထမင်းစားချိန်ရောက်တော့ဗိုက်ကအောင့်လာသည်...မခံနိုင်တေ့တဲ့အဆုံးရှောင်ကျန့်ကိုပြောဖို့အခန်းတံခါးခေါက်ပြီးတန်းဝင်လာလိုက်တယ်...
"ရိပေါ်ဘာလို့လဲ..အဲ့လိုကြီးဝင်မလာနဲ့လေပြန်ပြောတာစောင့်ဦးမှပေါ့...."
မျက်နှာချင်းဆိုင်ထိုင်နေတဲ့၂ယောက်ကအခုပူးကပ်နေဦးကျနော်ဝင်လာမှထိုမိန်းမကပုံပျက်နေတဲ့အင်္ကျီကိုအတင်းဆွဲချနေသည်...
YOU ARE READING
ကိုကို့ရဲ့ဝမ်(short story)
Short Storyအရင်ကအပြစ်တွေအတွက်လက်ရှိမှာကိုကိုကဝမ်ချေချေလေးကိုပိုချစ်ပေးမယ်....