ရိပေါ်မားနဲ့ပါးရဲ့ဓာတ်ပုံလေးကိုကိုင်ပြီးရင်ဖွင့်နေမိတယ်..
"ပါး..မား..ကိုကိုကသားရှေ့ပြန်ရောက်လာပြန်ပြီ...အဆက်အသွယ်ဖြတ်ထားပြီးတော့မှအခုအရင်လိုပြန်လာရောနေတယ်..."
"......"
"သားကြောက်တယ်...အရင်လိုကိုကို့ဆီမှာမကျဆုံးချင်တော့ဘူး...အရင်ကလိုပြန်မငိုချင်တော့ဘူး..."
............
"ရိပေါ်ဒီစာရင်းကမှားနေတယ်နော်..."
"ဗျာ.."
"ဘယ်လိုဖစ်တာလဲအရင်ကမဖစ်ဖူးပါဘူး....သေချာပြန်ပြင်ပြီးCEOကိုပို့လိုက်သူမနက်ကဆူနေတယ်စာရင်းမှားနေလို့ဆိုပြီး.."
"ဟုတ်ကဲ့အမ..ကျနော်သေချာပြင်ပြီးပို့လိုက်ပါ့မယ်..."
အဲ့တာသာကြည့်ကျနော်က ကိုကိုနဲ့ပက်သက်ရင်စိတ်လှုပ်ရှားတာထိန်းမရတော့ဘူး....
"ဝင်ခဲ့မယ်နော်..."
"ရိပေါ်...ကိုကို့ဆီလာတာလား..."
" ဒါပြန်ပြင်ထားတဲ့စာရင်းပါ..တောင်းပန်ပါတယ်နောက်မဖြစ်စေရပါဘူးCEO..."
"အာ..စာရင်းကရိပေါ်လုပ်တာလား...အင်းပါနောက်တခါမမှားစေနဲ့နော်..."
"ဟုတ်ကဲ့ခွင့်ပြုပါဦး..."
ရှောင်ကျန့်ထွက်သွားဖို့လုပ်နေတဲ့ရိပေါ်ကိုလှမ်းခေါ်လိုက်တယ်..ဒီကလေးကသူနဲ့ခဏလေးတောင်ရှိချင်ပုံမရဘူး...
"ခဏလေးရိပေါ်..ကိုကိုအတွင်းရေးမှူးတစ်ယောက်လိုတယ်..အဲ့တာမင်းလာလုပ်ပေးပါ.."
"တခြားသူရှာလိုက်ပါကျနော်မလုပ်ချင်ဘူး..."
"စိတ်မဆိုးဘူးဆိုလဲဘာလို့ဒီလိုကြီးလုပ်နေသေးလဲကလေးရာ...ကိုကိုနဲ့စကားခဏလေးပြီးအောင်ပြောပါလား..."
"အတွင်းရေးမှူးလိုတာမလားရတယ်ကျနော်လုပ်ပေးမယ်..ဒါပေမဲ့ပြောစရာမရှိတော့လို့သွားခွင့်ပြုပါဒီနေ့ပစ္စည်းတေရွေ့ထားလိုက်ပါ့မယ်..တခြားသူတေကိုတော့CEOပဲအသိပေးလိုက်ပါ..."
"ရိပေါ်..ရိပေါ်..."
ပြောချင်တာပြောပြီးတချက်လေးတောင်လှည့်မကြည့်သွားတဲ့ရိပေါ်ကိုကြည့်ပြီးရှောင်ကျန့်သက်ပြင်းသာရှည်ရှည်ချလိုက်မိတော့တယ်....
YOU ARE READING
ကိုကို့ရဲ့ဝမ်(short story)
Short Storyအရင်ကအပြစ်တွေအတွက်လက်ရှိမှာကိုကိုကဝမ်ချေချေလေးကိုပိုချစ်ပေးမယ်....