ကိုကို့ကိုချစ်ရတာနဲနဲတော့ပင်ပန်းတယ်...
ဒါပေမဲ့ချစ်နေတုန်းပဲ..." hello..."
"ဝေ..ရိပေါ်ကျောင်းမလာဘူးလား..."
"ကျနော်နေမကောင်းလို့ကိုကို..."
ရိပေါ်မနေ့ကထမင်းမစားတာကြောင့်အစာအိမ်အောင့်နေခြင်းဖြစ်တယ်...မွေးနေ့မှာရှောင်ကျန့်ကိုအပြင်မှာလျှောက်လည်ဖို့ခေါ်မယ်ဆိုပြီးတွေးထားပေမဲ့တကယ်တမ်းတူတူမရှိလိုက်ရတာကြောင့်ရိပေါ်ဝမ်းနည်းပြီးကျောင်းကပြန်လာလာခြင်းအခန်းထဲပဲအောင်းနေခဲ့သည်...
မားတို့ကလဲအလုပ်ကိစ္စအရေးကြီးလို့နယ်ဘက်သွားရတာမို့သူတစ်ယောက်နည်းအိမ်စောင့်ကျန်ခဲ့တယ်..."ရိပေါ်..ရိပေါ်ရေတံခါးလာဖွင့်..."
"ဟင်...ကိုကိုဘာလာလုပ်တာလဲ..."
"ဟောဗျာမင်းနေမကောင်းဘူးဆိုလို့လာကြည့်တာလေ...ဘာလဲလာလို့မရဘူးလား..."
"မဟုတ်ပါဘူးလာကိုကို...မားတို့တော့မရှိဘူးနယ်ဘက်သွားတယ်..."
"အော်..လာလေချစ်ဝင်ခဲ့..."
ရှောင်ကျန့်တစ်ယောက်တည်းလာတယ်အထင်နဲ့ရိပေါ်ခေါ်လိုက်ပေမဲ့နောက်မှာပါလာတဲ့ကျောင်းကစီနီယာအမတစ်ယောက်ကြောင့်ကြောင်တောင်တောင်လာရပ်ကြည့်နေမိတယ်...ကိုကိုကသူနေမကောင်းလို့လာကြည့်တာတောင်ကောင်မလေးခေါ်လာတယ်...မဖစ်နိုင်လောက်ဘူးထင်ပေမဲ့ကိုကိုကဒီအမကိုတခြားတွဲခဲ့တဲ့ရည်းစားတွေထက်ပိုအရေးပေးနေသလိုပဲ....
"အစာအိမ်အောင့်တာဆိုအစားကိုပုံမှန်စားနော်ရိပေါ်..."
"ဟုတ်ကဲ့.."
"အော်မိတ်ဆက်ပေးမယ်ဒါကကိုကို့ကောင်မလေး..ချစ်ဒါကကိုပြောနေကျကို့ညီလေးဆိုတာလေဝမ်ရိပေါ်တဲ့.."
ညီလေးတဲ့လားကိုကိုရယ်....
"ဟုတ်တွေ့ရတာဝမ်းသာပါတယ်အမ.."
"အင်း..တို့လဲဝမ်းသာပါတယ်ရိပေါ်...ကိုဒီမာနေခဲ့ဦးမှာမလား..သွားစရာရှိလို့ပြန်နှင့်မယ်နော်..."
"အင်းဂရုစိုက်သွာ.."
ကောင်မလေးကိုအိမ်ရှေ့ထိလိုက်ပို့ပြီးရှောင်ကျန့်အိမ်ထဲပြန်ဝင်လာတော့ဆိုဖာပေါ်မှာခေါင်းငုံးပြီးငြိမ်ကုပ်နေတဲ့ရိပေါ်ကိုတွေ့လိုက်တယ်....
YOU ARE READING
ကိုကို့ရဲ့ဝမ်(short story)
Short Storyအရင်ကအပြစ်တွေအတွက်လက်ရှိမှာကိုကိုကဝမ်ချေချေလေးကိုပိုချစ်ပေးမယ်....