ရောင်စုံမီးတေ ဟိုတစ်ပြောက် ဒီတစ်ပြောက်နဲ့ Midnight club ထဲရှိ ကခုန်နေကြသူများကြားသို့ ဖြာကျနေကာ ပြိုးပြက်လက်နေတော့သည်။
ထိုကခုန်နေကြသူများအား မြင်နိုင်သော အပေါ်ထပ်ရှိ အုပ်စုဝိုင်းတစ်ဝိုင်းတွင်တော့ -" ဟေ့ရောင်တေရေ ငါတော့ ဂွင်တစ်ဂွင်မိထားတယ်ကွ တကယ့်အချီကြီးဘဲ အဲ့တော့ မင်းတို့ စားကြ ေသာက်ကြ ပျော်ကြကွာ ဒီတစ်ခါ ငါဒကာခံတယ် " ဟု ဆိုလာသူကြီးက ကျောက်စိမ်းလောကမှာ နာမည်တစ်လုံးရနေတဲ့ အောင်မြတ်ဖြစ်သည်။
ဒီကောင်က ရုပ်က ခပ်သန့်သန့် ေဒါင်ကောင်းကောင်း ဒါမဲ့ ပြောသာပြောရတာ ဇော်မင်းတို့ ပေါင်းကြတဲ့ လူတေထဲက အရပ်ရှည်ကြတာ များသည်။ ဘယ်ကောင်မှ အရပ်ပုပုထဲက မပါကြ ။ ဒါကြောင့် အငယ်ကရန်ဖြစ်ကြပြီဆိုတောင် ကိုတေအဖွဲ့ကို ရှိန်ပြီး နောက်ဆုတ်သွားကြတာများသည် ။
"ဟ သောက်ရသေးတာပေါ့ကွာ မင်း တိုက်တာ သောက်ရခဲလွန်းလို့ ငါက တေးထားတာ ဒီတစ်ခေါက်တိုက်ရင် အရက်တင်မကဘူး စကီလေးတေပါ ပါလာရမယ်လို့ ၊ အောင်မြတ် ခေါ်ပေးစမ်းကွာ ဒီညတော့ ဖြေလျော့မှ ဖြစ်တော့မယ် ငါတင်းနေတာ နှစ်ပတ်လောက်ရှိပြီကွ ၊ အိမ်က father ကြီးက ငါ့ကို မျက်စိကို ဒေါက်ထောက်ကြည့်နေတာကွာ ဆယ်နှစ်သားလဲ မဟုတ်"
" ကြည့်မှာပေါ့ကွ မင်းဟိုတစ်လောက ဗိုက်ကိစ္စကြောင့်ကို ငချွန်းရ ၊ ဘယ့်နှယ် ဦးလေးအိမ်ပေါ် ထိ သိပြီး လျော်ကြေးလာတောင်းတာ ၊ မင်းလုပ်မယ်ဆိုလဲ ပြီးပြတ်အောင်တော့ ဖြတ်ပေါ့ ခုက ဘယ်က ဘယ်သူနဲ့ ရမှန်းမသိဘဲ မင်းကြားက နွားဖြစ်တော့မလို့လေ " ဒီတစ်ခါပြောလာသူကတော့ စတိုင်ပန့်ဘောင်းဘီရှည် ရှပ်လက်ရှည်ဖြူ မျက်နှာဝိုင်းနှင့် ခုမှ အလုပ်က တန်းဝင်လာပုံရသော ထက်ကောင်းပင်။ထိုစကားကြားသော် ငချွန်းခေါ် မျက်နှာသွယ်သွယ် နှုတ်ခမ်းခပ်ပါးပါး တစ်ကိုယ်လုံး brand တေဝတ်ထားသော သစ်ချွန်းက မျက်နှာတစ်ချက် ရှုံ့သည်။"မင်းကလဲကွာ အပြစ်ပြောဖို့ အရင်ချည်းဘဲ ငါလဲ ဘယ်သိပါ့မလဲ မင်းတွေ့လိုက်ရမှာကွ တကယ့်အလန်းကြီး ရင်ရော တင်ရော မြင်တာနဲ့ ကြွေချင်စရာကွာ ငါလဲ စိတ်လွတ်သွားတာပေါ့ ဒါမဲ့ မင်းတို့လဲ ငါ့အကြောင်းသိပါတယ် ငါဘယ်လောက် စိတ်လွတ်လွတ်အကာကွယ်တော့ အမြဲမမေ့ဘူးလေ ငဇော့်လိုပေါ့ အဲ့တာတောင် ဒီမိန်းမ အရှက်မရှိ အိမ်ပေါ်ထိ တက်လာတာကို ငါအံ့သြတာကွ ဘယ်က ရတဲ့ကောင်နဲ့မှန်းမသိဘဲနဲ့
တော်သေး father ကြီးက ဘာမှမပြောဘဲ လျော်ကြေးနဲ့ ပြီးခိုင်းလိုက်လို့ "
YOU ARE READING
He is my wife
Romanceခွေးသူတောင်းစားတေ ရွယ်က ငါ့မိန်းမကွ ငါက သူ့နောက်မှာ အမြဲရှိနေတဲ့ သူ့ယောကျာ်းဘဲ (ဇော်မင်းမောင်) ရွယ့်ကို ဟိုလူနဲ့ ဒီလူနဲ့ စွတ်စွဲနေတာတေ တော်ပါတော့ ရွယ် ကိုယ့်ကိုယ်ကို မလွတ်လပ်တော့တဲ့ အိမ်ထောင်သည်ဖြစ်နေပြီဆိုတာ သိပါတယ် (လူရွယ်)