" သား အမေ့မှာ သားတစ်ယောက်ဘဲ ရှိတော့တာဆိုတာ သားသိမှာပါ.. ဒါပေမဲ့ အမေက သားကိုတော့ သားရဲ့ ပျော်ရွင်မှုကို ဖျက်စီးပြီး မျိုးဆက် ၊ ဂုဏ်ဆိုတာတေ ထည့်တွက်ပြီး ေနသွားမှာမဟုတ်ဘူး.. သားရဲ့ပျော်ရွင်မှုက အမေရဲ့ ပျော်ရ ွှင်မှုဘဲ ..ဒီတော့သား မိန်းကလေးတေကို စိတ်မဝင်စားလို့ အမျိုးသားေတကို သဘောကျခဲ့တောင် အမေသားဘက်က ရပ်တည်ပေးမယ် မားမားမတ်မတ်ရှိနေပေးမယ်ဆိုတာကို သားသိထားပါ "
လုနွယ် ထိုစကားတေပြောတော့ သားက ကြောင်ကြည့်နေပြီး ပြီးမှ တဟားဟားနဲ့ ထရယ်တော့သည်...
"အမေ ဘယ်က ဘာတေကြားပြီး အဲ့လိုတေပြောမှန်းမသိပေမယ့် သားတကယ် ရင်ထဲထိသွားတာဘဲဗျာ ဟ ဟ.. သား ပြောမယ် အဲ့လင်းလက်ဆိုတဲ့ သူနဲ့ သားနဲ့ ဘာမှမပတ်သတ်ဘူး.. ပတ်သက်လာဖို့လဲမရှိဘူး.. သားက gay မှမဟုတ်တာ ပြီးတော့ သားက ကလေးချစ်တတ်တာ အမေလဲ သိသားနဲ့ မိန်းမဘဲယူမှာဗျ.. အဲ့တော့ အမေ လျှောက်မတွေးနဲ့ သူများတေလာပြောရင်လဲ 'သားက မိန်းမယူမယ်'လို့ဘဲ ကျွန်မကို ပြောတာရှင့် ဆိုပြီး ပြော ဟုတ်ပြီလား.. " .
"အာ့ဆို ?"
" ဟုတ်တယ် အခုနက သားပြောသလိုဘဲနော် ဘာစိတ်မှမရှိဘူး.... အာ့ဆို သားရေသွားချိုးတော့မယ်၊ ကပ်စေးစေးကြီး ဖြစ်နေသလိုဘဲမို့ ..ပြီးရင် သား အမေကြိုက်တဲ့ ငါးသလောက်ပေါင်းလေးချက်ပြီး ညစာအတွက်ပြင်လိုက်မယ်
ပြီး ချဥ်ရည်ဟင်းလေးရယ် အင်း ပြီးရင် ဘာချက်ရဦးမလဲ ရေချိုးရင် စဥ်းစားလိုက်ဦးမယ် မေရေ "သားက ပြောချင်ရာပြောပြီး တက်သွားတော့ သူမလဲ မနေသာတော့...
" ဟဲ့ သား ရေအကြာကြီး ချိုးမနေနဲ့ဦး အမေအရွက်တေ သင်ထားနှင့်လိုက်မယ် နော် "
...............
ရွယ် အခန်းထဲရောက်တော့ ရေတန်းမချိုးသေးပေ..အမေပြောတာတေတွေးပြီး ရင်ထဲ နွေးနေမိသည်..ပြီးတော့ ရေချိုးဖို့ အဝတ်စားတေချွတ်လိုက်ရင်း ဗီရိုမှန်ကနေတဆင့်ပေါ်လာတဲ့ ကိုယ့်ရုပ်ပုံကို ကိုယ်ပြန်ကြည့်မိတော့..အမွှေးမျှင်ကင်းတဲ့ ဖြူစွတ်စွတ်အသားရေပေါ်မှာ ထင်းနေတဲ့ သွေးကြောစိမ်းလေးတစ်ချို့ ရယ်..
YOU ARE READING
He is my wife
Romanceခွေးသူတောင်းစားတေ ရွယ်က ငါ့မိန်းမကွ ငါက သူ့နောက်မှာ အမြဲရှိနေတဲ့ သူ့ယောကျာ်းဘဲ (ဇော်မင်းမောင်) ရွယ့်ကို ဟိုလူနဲ့ ဒီလူနဲ့ စွတ်စွဲနေတာတေ တော်ပါတော့ ရွယ် ကိုယ့်ကိုယ်ကို မလွတ်လပ်တော့တဲ့ အိမ်ထောင်သည်ဖြစ်နေပြီဆိုတာ သိပါတယ် (လူရွယ်)