" အမေ သား ကျောင်းသွားတော့မယ် ၊ ဒီနေ့မနက်စာတော့ ထမင်းမဟုတ်ဘူး ၊ မြီးရှည်လုပ်ထားတယ်နော် များများလုပ်ထားတာဆိုတော့ တီအေးတို့အိမ်ကိုလဲ နဲနဲပို့ထားလိုက်တယ် သူတို့ ပန်းကန်ပြန်လာပေးရင် ယူထားလိုက်ဦး အမေ့ "
" အေးအေး သား အမေယူထားလိုက်မယ် ကျောင်းသွားတာ သေချာဂရုစ်ိုက်သွားဦး အခုခေတ်ကားတေဆိုင်ကယ်တေက နောက်က ကျားလိုက်နေကြတဲ့အတိုင်းဘဲ မောင်းကြမ်းသလားမမေးနဲ့ သားလဲ ကားသေချာစီးသွားဦး "
" ဟုတ်ကဲ့ပါ အမေရဲ့ သား သွားပြီ "
ဒေါ်လုလုနွယ် မိမိအား လက်ပြကာ ထွက်သွားပြီ ဖြစ်တဲ့ တစ်ပတ်ရစ်ကားနက်နောက်မြီးပိုင်းလေးကို ကြည့်ရင်း ပြုံးမိသည်....
တကယ်တော့ လုလုနွယ်ရဲ့ အိမ်ထောင်ရေးဘဝမှာ စိတ်ချမ်းသာစရာဆိုလို့ ဒီသားလေး လူရွယ်လေးဘဲ ရှိခဲ့တာပင်...
သူမရဲ့ယောကျာ်းက သူမအပေါ်ကောင်းပါသည် ချစ်ပါသည် ဒါမဲ့ မိတ်ဆွေအပေါင်းအသင်းမှားကာ ပြောသမျှ နားမဝင်တော့ဘဲ လောင်းကစားလုပ် အရက်သောက်ရင်း အရက်ကျေးကျွန်ဖြစ်ကာ နောက်ဆုံးအသက်ပါ ပါသွားခဲ့ရရှာတာပင်...
သူမရဲ့ ယောကျာ်းဆုံးသွားပြီးနောက်တော့ လောင်းကစားကြွေးရှင်တေ တစ်ဦးပြီးတစ်ဦး ပေါ်လာခဲ့သည့်အခါ ရှိနေတဲ့ ကားနှစ်စီး၊ ဝယ်ထားတဲ့ ခြံ၊နေနေသည့် ခြံတိုက်ကြီးကိုလည်း ရောင်းကာ အကြွေးများဆပ်ခဲ့ရသည်....
ထို့နောက်တော့ ရပ်ကွက်ငယ်လေးတစ်ခုရှိ သားအမိနှစ်ယောက်နေထိုင်ရန် မကျယ်မကျဥ်း ခြံဝန်းလေးတစ်ခု ကျန်နေတဲ့ ပိုက်ဆံများထဲမှ ခြစ်ကုပ်ကာ ဝယ်ယူပြီး နေခဲ့ကြတော့သည်....
ဒါမဲ့ သူမ စိတ်ဓာတ်မကျပါ ဆွေစဥ်မျိုးဆက်ချမ်းသာလာပြီး ကိုယ်ဒုက္ခရောက်တော့ ပြန်လှည့်မကြည့်ဘဲ မသိချင်ဆောင်နေကြတဲ့ မိတ်ဆွေအမျိုးများအားလည်း အပြစ်မယူချင်တော့ပါ
သူမမှာ သူမသိပ်ချစ်ရတဲ့ သိပ်လိမ္မာတဲ့ လူရွယ်ဆိုတဲ့ သားတစ်ယောက် ရှိနေသေး၍ သူမတောင့်ခံနေနိုင်ခဲ့ခြင်း ဖြစ်သည်...သားလေးအကြောင်း ပြောရမယ်ဆိုရင်တော့ သားက မိဘအပေါ်လိမ္မာရေးခြားရှိသူတစ်ဦးဖြစ်သည်... သူ့အဖေ အပြစ်တေကျူးလွန်ခဲ့ပြီး ဒီလိုအခြေနေရောက်ခဲ့တောင်မှ အပြစ်မမြင်ခဲ့သူပင်...
YOU ARE READING
He is my wife
Romanceခွေးသူတောင်းစားတေ ရွယ်က ငါ့မိန်းမကွ ငါက သူ့နောက်မှာ အမြဲရှိနေတဲ့ သူ့ယောကျာ်းဘဲ (ဇော်မင်းမောင်) ရွယ့်ကို ဟိုလူနဲ့ ဒီလူနဲ့ စွတ်စွဲနေတာတေ တော်ပါတော့ ရွယ် ကိုယ့်ကိုယ်ကို မလွတ်လပ်တော့တဲ့ အိမ်ထောင်သည်ဖြစ်နေပြီဆိုတာ သိပါတယ် (လူရွယ်)