ဒီပွဲနိုင်ပြီးရင်တော့...
ရထားနဲ့ နိုင်ငံအနှံ့ပတ်ဦးမယ်
စစ်ဘေးရှောင်စခန်းတစ်ခုခုမှာ လုပ်အားပေးသွားဦးမယ်
မူးမှောက်သွားအောင် သောက်ပစ်ဦးမယ်
စာအုပ်ဆိုင်မှာ အကြာကြီးသွားထိုင်ဦးမယ်
ကော်ဖီဆိုင်လှလှလေးလည်း သွားထိုင်ဦးမယ်
Tent လေးယူပြီး ခရီးထွက်ဦးမယ်
စာအုပ်တစ်အုပ် ထုတ်ဖြစ်ဦးမယ်ဒီပွဲနိုင်ပြီးရင်ပေါ့။
အခုတော့ဆက်တိုက်ဦးမယ်။
ယုံကြည်ချက်က ခိုင်မာပါတယ်။
အချိန်ရဲ့အရွေ့တွေမှာ ယိုင်မသွားဖို့ပါပဲ။
အကြောက်တရားကို လက်ကိုင်ထားဖို့ပါပဲ။ကြောက်လို့တိုက်ကြတာပါ။ နိုင်အောင်တိုက်ကြမှာပါ။ နိုင်ကို နိုင်ရမှာပါ။
#way
YOU ARE READING
နွေဦးရက်စွဲများ
Poetryနွေဦးတော်လှန်ရေးမှ သူရဲကောင်းများအတွက် အနုပညာဖြင့် စိတ်ခွန်အား တစ်စုံတစ်ရာဖြစ်လိုဖြစ်ငြားဆန္ဒဖြင့်။