2.6K 148 0
ZAWGYi
Warning ! အသက်ပြည့်မှ ဖတ်ပါရန်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ငါ့ရဲ့လက်တွေမှာစွဲနေတဲ့ သွေးညှီနံ့တွေ...
"သတ်ပစ်လိုက်"
ဒီစကား ၃လုံးက ငါ့ရဲ့နေ့စဉ်နှုတ်ထွက်စကား...
"မင်းတို့က ပျော့ညံ့လွန်းတယ် !!"
အမြဲလိုလို ကြိမ်းမောင်းနေတဲ့ငါ့ရဲ့ဆူပူသံတွေ...
"အဲ့ဒီတော့ ကျွန်တော့်မိဘတွေကိုသတ်ပစ်ပြီး ကျွန်တော့်ကို ဖမ်းချုပ်ထားတာပေါ့လေ"
ငါ့ရဲ့ရှေ့ကကောင်လေးမှာ ခြေတံသွယ်သွယ်လေးတွေရှိတယ် ၊ သူဟာ ငါ့ကြောင့်သေဆုံးခဲ့ရတဲ့ကံဆိုးသူတွေထဲက တစ်စုံတစ်ယောက်ရဲ့ကလေး...
"အခု မင်းသွားလိုရာသွားနိုင်ပြီ"
ငါ့စကားကို ဒီကောင်လေးက အဖတ်မလုပ်ဘူး ၊ တစ်ရှိုက်ပြီးတစ်ရှိုက် အဆက်မပြတ်ရှိုက်နေတဲ့စီးကရက်ကို သူက ဆွဲယူပြီး လွှင့်ပစ်တယ် ။
"ခင်ဗျားရဲ့ သောက်အာရုံတွေကို ကျွန်တော့်ဆီမှာပဲ ထားစမ်းပါ"
"၀မ်ရိပေါ်!!"
ငါ့ရဲ့ခပ်ကြမ်းကြမ်းအော်သံတွေကိုလည်း သူက ဂရုမစိုက်ဘူး ။
အင်း...ကြည့်ရတာ ငါသူ့ကို အလိုလိုက်ထားမိတယ်ထင်တယ် ...။
"ခင်ဗျား သောက်သံကို တိုးတိုးပြော!! ခင်ဗျားက ဘာလုပ်ပိုင်ခွင့်နဲ့ ကျွန်တော့်ကို လာအော်နေတာလဲ"
သူက စားပွဲခုံကို ကန်ကျောက်ပစ်ရင်း ငါ့ထက်ကျယ်အောင် အော်ဟစ်ပစ်တယ် ။
အင်း... သူ့ကို ငါတကယ်အလိုလိုက်ထားမိတာ...
"ဟေ့ကောင်... မင်းကို ငါသတ်ပစ်လိုက်လို့ရတယ်နော်"
လက်ထဲကသေနတ်ကိုမောင်းတင်ရင်းခြိမ်းခြောက်တော့ သူက ဟက်ခနဲရယ်တယ် ။
"ဟက်!! ခင်ဗျားသတ်နိုင်ရင် သတ်လေ"
ငါ သူ့ခေါင်းတည့်တည့်ကို သေနတ်ချိန်ထားတယ် ၊ ငါ့ရဲ့လက်ချောင်းက မောင်းတံကို ညှစ်ပစ်ဖို့အသင့် ...
ကောင်လေးရဲ့ ခပ်ရှည်ရှည်ဆံနွယ်စလေးတွေက လေထဲမှာ ဝဲနေတယ် ။
ပုံမကျပန်းမကျဖြစ်နေတဲ့ ခပ်ပွပွအင်္ကျီက သူနဲ့တော့ သိပ်လှနေတာပဲ ။