ပြန်ဆုံတွေ့တဲ့အခါ...(ပြန်ဆုံတွေ့တဲ့အခါ..)
1.3K 132 5
ZAWGYI
Warning!! အသက်ပြည့်မှဖတ်​ရန်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သူ ဒီနေရာကို နောက်တခေါက်ပြန်လာခဲ့ရတယ် ၊ လက်တွေကို လေမှာမြှောက်လို့ တင်းတင်းဆွဲချည်ထားတဲ့ သံကြိုးတွေ ...
ဒူးထောက်ထားရတာ တစ်ညလုံးပဲ ၊
ဒီမနက်မှာ ၀မ် နဲ့တွေ့ဖို့ သူ ချိန်းထားတယ် ။
"မင်းကို ဘယ်သူက ရိပေါ်နဲ့ နီးနီးကပ်ကပ်နေခိုင်းသလဲ"
သူက Master ကို မော့ကြည့်တယ် ၊ Master ကအရင်လိုပဲ ၊
ခက်ထန်နေတဲ့မျက်ဝန်းတွေက လူတစ်ယောက်ကို သေတောင်သေစေနိုင်တယ် ။
"ကျွန်တော် သူ့ကိုချစ်တယ် Master"
ခွပ်!!
မျက်နှာပေါ်ကျရောက်လာတဲ့ လက်သီးချက်က သူ့ကို မနာကျင်စေနိုင်ဘူး ။
Master က သူ့ကို ၀မ့်ဆီ လွှတ်ခဲ့တယ် ၊
ဂျစ်ကန်ကန်ကောင်လေး ဝမ်ကို စောင့်ရှောက်ဖို့တဲ့ ။
Master က သူ့ရဲ့ကျေးဇူးရှင်ဖြစ်တယ် ၊ သူဟာ Master ရဲ့ စောင့်ရှောက်မှုနဲ့ ဒီအသက်အရွယ်အထိ အသက်ရှင်သန်လာခဲ့တယ် ။
ဒါကြောင့် ၀မ့်အနားကို သွားဖို့ သူ ကျေကျေနပ်နပ်ကြီး လက်ခံမိတာဖြစ်ပါလိမ့်မယ် ... ။
"ဟို... အချိန်ပိုင်းဝန်ထမ်း လိုတယ်ဆိုလို့"
အဲ့ဒီတုန်းက ၀မ်က ပန်းဆိုင်တစ်ခုရဲ့ အချိန်ပိုင်းဝန်ထမ်းပဲ ၊ သူကလည်း ၀မ့်အနီးအနားမှာနေဖို့ အဲ့ဒီဆိုင်မှာ အလုပ်ဝင်ခဲ့တယ် ။
"Sean ခဏနားလိုက်ဦးလေ ၊ ကျန်တာ ကျွန်တော်ဆက်လုပ်လိုက်မယ်"
ဝမ်က သိပ်ကိုနူးညံ့တဲ့ကောင်လေးဖြစ်တယ် ၊ စကားကိုလည်း ချိုချိုသာသာပြောတတ်ပြီး တစ်ဖက်သားကိုလည်း သိပ်ငဲ့ညှာတတ်တယ် ။
"ရတယ် ... ကိုယ် ဒီလောက်နဲ့မပင်ပန်းပါဘူး"
"မပင်ပန်းလည်းနားလိုက်ပါဆို ... Sean က ကျွန်တော့်စကားဆို ဘယ်တော့မှ နားမထောင်ဘူး"
မသိမသာထိုးလိုက်တဲ့မျက်စောင်းငယ်ကြောင့် သူ တဟဲဟဲရယ်ပြလိုက်ရပြီး ခုံမှာသွားထိုင်လိုက်ရတယ် ၊ ၀မ့်ကို သူ သိပ်ချစ်တယ်
ချစ်လွန်းလို့ ရူးသွားမတတ်ပဲ ၊
ဒါပေမယ့် ၀မ်က Master ရဲ့လူဖြစ်နေတယ် ။
🎉 Kamu telah selesai membaca သွေးစွန်းနေသောလက်တစ်စုံ (သွေးစွန်းနေသောလက်တစ်စုံ) Completed 🎉