ZAWGYI
Warning!! အသက်ပြည့်မှ ဖတ်ရန်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"၀မ်... ၀မ့်ရဲ့မိဘတွေက ဘယ်အရွယ်က ဆုံးသွားတာလဲ"
Sean ရဲ့အမေးဟာ ကျွန်တော် မေ့ဖျောက်ထားတဲ့ဒဏ်ရာကို တူးဆွနေသလိုပဲ ၊ ကျွန်တော် သူ့ကိုမေ့ပစ်ထားတာ ကြာလှပြီ ။
"အင်း ငယ်ငယ်ကတည်းက..."
လိုတိုရှင်းပြန်ဖြေပြီး ကျွန်တော် Seanရဲ့လက်ချောင်းတွေကို ဆော့ကစားနေလိုက်တယ် ၊ သူ့ရဲ့လက်ချောင်းတွေကို ကျွန်တော် လွမ်းနေတတ်တုန်းပဲ
ဒါပေမယ့် မတမ်းတမိတော့ဘူး ။
အချိန်ဆိုတာ သိပ်တော်တဲ့သမားတော်ပါပဲ ၊ ဒဏ်ရာတွေဟာ အနာမကျက်သေးတောင် ရှိနေမှန်းမေ့စပြုနေခဲ့ပြီ ။"၀မ့်အရင်ရည်းစားအကြောင်းပြောပြကွာ"
Sean က နည်းနည်းရစ်ချင်လာတဲ့အခါတွေမှာ ဒီလိုတောင်းဆိုတတ်တယ် ။
ကျွန်တော် အရင်တုန်းက မပြောဖြစ်ဘူးရယ် ၊ ဒါပေမယ့် အခုတော့ ဘာစိတ်ကူးပေါက်မှန်းမသိ ၊ Sean ကိုပြောပြချင်လာတယ် ။ကျွန်တော်ငယ်ငယ်က သူ့ကို သိပ်အားကျခဲ့ဖူးတယ် ၊ Master လို့အခေါ်ခံရတဲ့သူ့မှာ ဘယ်သူမှမယှဉ်နိုင်တဲ့ အရှိန်အဝါတစ်ခုရှိနေသလိုပဲ ၊
သူက ဒီအိမ်ရဲ့အရှင်သခင်ဖြစ်ပြီး ကျွန်တော်က အရှင်သခင်မွေးမြူ ထားတဲ့ ချစ်စရာကောင်လေးတစ်ယောက်ဖြစ်ခဲ့တယ် ။"မင်းက သိပ်ပျော့ညံ့လွန်းတယ်"
တစ်ခါမှာ ကျွန်တော်အပြင်းဖျားတယ် ၊ အသက် ၁၃နှစ်အရွယ်ခပ်ပျော့ပျော့ကောင်လေးဖြစ်တဲ့ကျွန်တော်က သေနတ်သံကိုကြားမိပြီး မေ့လဲသွားခဲ့တာ ၊ မေ့မလဲခင် သူ့ရဲ့မျက်နှာကိုမြင်လိုက်ရတယ် ၊ ခက်ထန်မာကျောနေတဲ့ပုံစံက တစ်စုံတစ်ခုကို သတိရစေသလိုပါပဲ ။
သူက ကျွန်တော် ပျော့ညံ့ကြောင်း တတွတ်တွတ်ပြောရင်းနဲ့ပဲ တစ်ညလုံးအနားမှာရှိနေပေးခဲ့တယ် ၊ ကြောက်စရာအိပ်မက်တွေမက်တိုင်း ကျွန်တော့်ကို ရင်ခွင်ထဲ ထွေးပွေ့ပေးခဲ့တယ် ။
"မင်း များများစားသင့်တယ်"
"မစားချင်ဘူး ရှောင်း"
YOU ARE READING
FanfictionZSWW Warning !!!