Better Run

131 12 0
                                    

🎼There's no need to run
(Not blue flashing lights) If you've done nothing wrong🎶
Tennieရဲ့ ဖုန်းတွင် အချိန်အတော်ကြာ မေ့နေပြီဖြစ်သည့် contact မှ ringtone မြည်လာသည်၊

သူ ကိုရီးယား ထွက်လာကတည်းက တစ်ခါမှ အဆက်အသွယ် မလုပ်ဖူးသည့် fatherကြီး ဆီမှ ဖြစ်သည်၊
🎶You'd better run when you hear the sirens coming
When you hear the sirens coming🎼
သူ မကိုင်ချင်သော်လည်း ဆက်တိုက်ခေါ်နေသဖြင့် ...

😾Hello
📞P' ten လား၊ အခုဆက်တာ ညီမလေးပါ
(အဖေတူ အမေကွဲ ညီမ ဆီက ဖြစ်သည်)
😾ဘာကိစ္စလဲ၊ ကျွန်တော် ခင်ဗျားတို့နဲ့ ပြောစရာ ဘာအကြောင်းမှ မရှိဘူး
📞P' အခု ညီမ အရမ်း အရေးကြီးတာ ပြောစရာ ရှိတယ်၊ အဖေက အခု တော်တော် နေမကောင်းဖြစ်နေတယ်၊
😾အဲဒါ ငါက ဘာလုပ်ပေးရမှာလဲ
📞သူ တစ်ချက်တစ်ချက် သတိလစ်သွားတိုင်း P' ကိုပဲ တစ်ချိန်လုံး ခေါ်နေတယ်၊ သူ မှားခဲ့တာတွေလည်း သူ သိပါတယ်၊ P' ကို နောက်ဆုံးအနေနဲ့ တွေ့ချင်တယ်၊ ပြီးတော့ ပြောစရာလည်း ရှိတယ် တဲ့
😾အဲတာ ငါက ဘာတတ်နိုင်မှာလဲ၊ ငါ့ဆီ ထပ်မဆက်နဲ့တော့၊ ငါ နင်တို့နဲ့ ထပ်ပြီး မပက်သက်ချင်တော့ဘူး
📞ခဏ ခဏလေးပဲ ညီမပြောတာ နားထောင်ပေးပါဦး၊ P'ရဲ့ mummy,အန်တီ မဆုံးခင်က P' အတွက် ရေးထားခဲ့တဲ့ စာတစ်ဆောင် ညီမ ဆီမှာ ရှိတယ်၊ မေမေက လွှင့်ပစ်ခိုင်းထားပေမဲ့ ညီမ မပစ်ရက်ဘူး၊ အဲဒါ...
😾ဘာစာလဲ၊ ဘယ်မှာလဲ???
📞ဒီစာကို ဖတ်ပြီးမှ P' ကြိုက်သလို ဆုံးဖြတ်ပါ၊ ညီမ အခု ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်မယ်၊

Tenရဲ့ စိတ်တွေ ယောက်ယက်ခတ်သွားတယ်၊ မေမေ မေမေ စိတ်ထဲကနေ အကြိမ်ကြိမ် အော်နေမိတယ်၊
Toiletခဏလို့ yuwin ကို ပြောပြီး လူရှင်းတဲ့နေရာကို ပြေးထွက်လာခဲ့တယ်၊
နောက် တုန်နေတဲ့ လက်တစ်စုံနဲ့ ဓာတ်ပုံကို ထောက်ပြီး ဖတ်ကြည့်လိုက်တယ်။

💌
"မေမေ့ရဲ့ ကြောင်ပေါက်လေး Ten၊

သား ဒီစာကို ဖတ်နေတဲ့အချိန် mummy ဒီလောကကြီးထဲမှာ ရှိချင်မှ ရှိတော့မှာ။ mummyသားကို မှာခဲ့ချင်တာ‌တွေရှိလို့ ဒီစာကို ကြိုရေးထားခဲ့မယ်"

စပြီး ဖတ်ကတည်းက Tenတစ်ယောက် မျက်ရည်တွေ မထိန်းနိုင်ဘဲ စီးကျလာခဲ့တယ်၊
စာကို ပြီးအောင် မဖတ်နိုင်သေးဘဲ ရှိုက်ကြီးတငင် ငိုကြွေး မိတယ်၊

"သားကို ပြောပြချင်တာက သားဖေဖေနဲ့ ဟိုမိန်းမ အတူတူရှိနေတာ မေမေ ဟိုးအရင်ကတည်းက သိခဲ့တယ်၊
သားမွေးပြီး နောက်ပိုင်း မေမေ အလုပ်ပြန်လုပ်တာတစ်ကြောင်း သားကိစ္စတွေကတစ်ကြောင်းကြောင့် မင်းဖေဖေကို ဂရုမစိုက်နိုင်ခဲ့ဘူး၊
မေမေတို့ နှစ်ယောက်က ချစ်လို့ လက်ထပ်ခဲ့ကြတာမှ မဟုတ်တာ၊
မေမေ ကိုယ်တိုင်က မင်းအဖေအပေါ် စိတ်မပါခဲ့ဘူး၊
ဒါကြောင့် သူဘာလုပ်လုပ် ဒီတိုင်းပဲ လွှတ်ထားခဲ့တယ်၊
သားဖေဖေကို အရမ်းမမုန်းပါနဲ့ သားရယ်၊
သူက အနည်းဆုံး မေမေတို့ကို အစစအရာရာ ပြည့်စုံအောင် ထားပေးခဲ့တယ်၊
သားကို ငဲ့လို့ ကွာရှင်းတာတောင် မလုပ်ခဲ့ဘူး။"

Tennie စိတ်ထဲတွင် "ဒါပေမဲ့ မေမေရယ် သားက သူ့သားအရင်းလေ၊ သားလိုချင်က ငွေကြေးဥစ္စာ မဟုတ်ဘူး"

💌"တကယ်တော့ သားရယ် မေမေ မှားခဲ့တာပါ၊ အချစ်မပါလဲ သာယာမယ် ထင်ခဲ့မိတာပေါ့၊
သားဖေဖေက မေမေ့ကို မချစ်ပေမဲ့ သူ့ပိုင်ဆိုင်မှုတွေကို သားနာမည်နဲ့ အရင်ကတည်းက လွှဲပေးထားပြီးသား၊
မေမေက မကောင်းတဲ့ မိန်းမပါ၊
သားကျောင်းမှာ ပြဿနာ ဖြစ်တုန်းက ဆရာတွေဆီ မင်းဖေဖေကပဲ တောင်းပန်ပေးခဲ့တာ၊
သားအဖေကို မမုန်းပါနဲ့ ပြီးတော့ မေမေ့ကိုလည်း ခွင့်လွှတ်ပေးပါ သားရယ်"

ညီမလေး ဆီက messageထပ် ပို့လာသည်။
📱P' ဖေဖေ့ကို နောက်ဆုံးအနေနဲ့ တွေ့ခွင့်ပေးလိုက်ပါနော်...

Tennieခေါင်းထဲမှာ စကြာဝဠာ ကြီး တစ်ခုလုံး လာလည်ပတ်နေသလို မူးနောက်နေသည်၊
ရင်ထဲကလည်း ပူဆွေးကာ နာကျင်လာသည်၊
မတ်တပ်ရပ်နိုင်စွမ်းပင် မရှိတော့ပဲ လူရှင်းသော သစ်ပင်အောက်မှာပင် အတော်ကြာ ထိုင်နေမိသည်။

တစ်စုံတစ်ယောက်ကို ဖွင့်ဟ ပြောပြလိုက်ချင်သော်လည်း သူကိုယ်တိုင်က ပါးစပ်ဟဖို့တောင် ခွန်အား မရှိတော့၊

ထိုအခိုက် သူ့ကို တစ်ယောက်ယောက်က ခေါ်သံ ကြားရသည်၊
တစ်ယောက်ယောက် သူ့အနားကိုရောက်လာတာ သူ သိလိုက်သည်၊
ထို တစ်ယောက်ယောက် သူ့လက်မောင်း နှစ်ဖက်ကို ကိုင်လှုပ်ခေါ်နေသည်၊
ထို့နောက် သူ မေ့မြော သွားသည်။

Tenရဲ့ ကမ္ဘာကြီး မှောင်မိုက် ပြိုကျ သွားခဲ့ပြီ။



Crush on you(Myanmar) Completed 🌹🐈Where stories live. Discover now