Love You 💌

232 14 0
                                    

ကျောင်းဆေးခန်းမှာ ၁၅မိနစ်လောက် ကြာပြီးနောက် Ten သတိရလာသည်၊

သူ့ဘေးကနေ TY hyungက လက်လေးကို ဖွဖွလေး ဆုပ်ကိုင်ထားရင်းက

TY; tenna နေလို့ကောင်းရဲ့လား

Ten ; nae hyung အဆင်ပြေသွားပါပြီ

TY ; Tenလေးမှာ ဘယ်လိုပြဿနာတွေပဲ ရှိရှိ
ကိုယ်က Tennieဘေးမှာ အမြဲ ရှိနေပေးမှာမို့ အားတင်းထားနော်

Ten; ကျေးဇူးပါ hyung
ပြောရင်း Tenရဲ့ မျက်လုံးရှည်များမှ မျက်ရည်တစ်စက်ချင်း ပါးပြင်ပေါ် ဖြတ်စီးလာခဲ့သည်။

Tenလေးကို မျက်ရည် သုတ်ပေးပြီး တစ်မိနစ်လောက် တင်းတင်းကျပ်ကျပ် ဖက်ထားပေးလိုက်သည်။

ရင်ခွင်ထဲကနေ ရှိုက်ငိုနေတာ သိတော့ TYရဲ့ ရင်ဘက်ထဲကလည်း တဆစ်ဆစ် နာကျင်နေလေသည်။
_____________________________________

Tenရဲ့ စိတ်အခြေအနေ မကောင်းသေးတာ သိလို့ ညနေခင်းတွင် TY စီစဉ်ထားတဲ့ party မလုပ်ဖြစ်တော့။

သို့သော် Tenလေး စိတ်ထွက်ပေါက်ရအောင်  TYတို့ နှစ်ယောက်သား ဟန်မြစ်ဘက် အတူထွက်လာကြသည်။

ဟန်မြစ်ကမ်းရဲ့ တစ်နေရာတွင် ထိုင်လိုက်ကြပြီး ဘာစကားမှ မပြောဘဲ အဝေးကိုသာ ငေးကြည့်နေကြလေသည်။

ခဏအကြာ..
Ten; အဖေ့ကို သွားတွေ့ရမယ် ထင်တယ်

TY; အင်း

Ten; Thailandကို ပြန်သွားပြီရင် ဘယ်အချိန်မှ ပြန်လာဖြစ်မယ် မသိဘူး

TY; အင်း
ဟန်မြစ်ဘက်ကို ငေးကာ ပြောနေသော Tenလေးကို TY လှည့်ကြည့်လိုက်သည်။

TY အတွေး;

"ကိုယ်သဘောကျခဲ့ရတဲ့ ဘေးဘက်မျက်နှာလေး...ဒီအနေအထားလေးအတိုင်း တစ်သက်လုံး ကြည့်နေချင်တာ၊

အမြဲ စိတ်အားထက်သန်မှုတွေနဲ့ အရောင်တောက်နေတတ်တဲ့ မျက်လုံးရှည်လေးတွေ... ဒီနေ့တော့ မျက်ရည်စတွေနဲ့ ရီလဲ့လဲ့ တောက်ပနေတုန်းပဲ၊

ချစ်စရာ ခပ်ဝဲဝဲ စကားသံလေးထဲမှာ ဝမ်းနည်းမှုတွေ ကြားနေရတယ်၊

ကိုယ် နောင်တ မရချင်ဘူး၊ အနည်းဆုံးတော့ ကိုယ့်ခံစားချက်ကို ဖွင့်ဟ ပြောပြလိုက်ချင်ပေမဲ့ Tennieအတွက် ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်စေချင်ဘူး၊

အချစ်ဆိုတာ နားလည်မှု လို့ ကိုယ် ခံယူထားတယ်၊ ကိုယ်ချစ်တဲ့သူကို အဆုံးထိ နားလည်လက်ခံပေးရမယ်လေ"

Ten; hyung ဘာတွေ တွေးနေတာလဲဟင်၊ ကျွန်တော်ပြောတာကို hyung ဘယ်လိုထင်လဲ၊

TY ; ဘာမှ မဟုတ်ပါဘူး၊ Tenလေး အဖေကို Tenသွားတွေ့သင့်တယ် လို့ ကိုယ်ထင်တယ်၊ ဒါက Ten တစ်ဘဝလုံး ခံစားလာရတာတွေကို ဖြေလျှော့ပေးနိုင်လိမ့်မယ်လို့ ကိုယ်ယုံတယ်၊ Tenလေးရဲ့ စိတ်ထဲက တင်းကျပ်နေတာတွေ သိချင်နေတာတွေကို ကိုယ်တိုင်သွားပြီး မေးကြည့်လိုက်ပါ

Ten; nae အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် hyung ၊ ဘယ်တော့လဲ မပြောနိုင်ပေမဲ့ ကိစ္စတွေ အားလုံးပြီးရင် ကျွန်တော် ပြန်လာခဲ့မယ်၊ ကျွန်တော့်ကို စောင့်နေမယ် မို့လား

TY ; အင်း ၊ ကိုယ်တစ်သက်လုံး စောင့်နေမှာ

နှစ်ယောက်သား စကားတွေ အများကြီးပြောခဲ့ကြပေမဲ့ စကားတစ်ခွန်းကိုတော့ မပြောဘဲ ချန်ထားခဲ့ကြတယ်၊
ဒါပေမဲ့ တစ်ယောက်မျက်ဝန်းကို တစ်ယောက် စိုက်ကြည့်နေရင်း အဲ့စကားကို နှလုံးသားထဲကတော့ ကျယ်လောင်စွာ ကြားနေခဲ့တယ်၊

"ချစ်တယ်...အရာအားလုံးထက်ပိုပြီး"

________________End________________

Love is like breathing
Usually unaware of it
But still exists....

အချစ်ဆိုတာ ဝင်သက်ထွက်သက်လိုပဲ
အမြဲ သတိမထားမိပေမဲ့
အချိန်တိုင်း ဖြစ်တည်နေတာမျိုး။

အချစ်ဆိုတာ ဝင်သက်ထွက်သက်လိုပဲအမြဲ သတိမထားမိပေမဲ့အချိန်တိုင်း ဖြစ်တည်နေတာမျိုး။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

By @min9743

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

By @min9743

Crush on you(Myanmar) Completed 🌹🐈Where stories live. Discover now