coffee 1

107 13 11
                                    

Unicode

"ကိုယ့်နာမည်က အာဝင်း(erwin) အာဝင်းစမစ်,တကယ်လို့ မင်းစကားပြောချင်လာရင် အချိန်မရွေးလာခဲ့နော် အိမ်မှာကကိုယ်တစ်ယောက်ပဲနေတာ"

အာဝင်း..သူကလူတိုင်းတဲ့မတူသူတစ်ယောက်ပါ။သူနားမလည်နိုင်ဘူး အဲ့လူကသူနဲ့တွေ့တိုင် သူ့ကိုရယ်ပြတယ်ပြုံးပြတယ်
အဲ့အတွက်နဲ့ သူဘယ်တုန်းကမှပြန်မတုန့်ပြန်ခဲ့ဘူး ဒါပေမယ့်အဲ့လူကသူ့ကိုတစ်ခါမှစိတ်ဆိုးတဲ့ပုံမပြခဲ့ဘူး။သူလျစ်လျူရှူ့ပေမယ့်အဲ့လူကသူ့နားကိုလာနေတုန်းပဲ တခြားသူတွေဆို သူတစ်ခါနှစ်ခါလောက်လျစ်လျူရှူ့လိုက်ရင်တောင် သူ့အတင်းကိုဖောက်သည်ချလို့ကောင်းနေပြီ အဲ့လူ အာဝင်း ကတော့ဇွဲကောင်းတယ်ပြောရမလား အကြိမ်ကြိမ် လျစ်လျူရှူ့ခံရလည်း အရယ်အပြုံးကမပျက်။အခုလည်း အိမ်ကပြဿနာနည်းနည်းကြောင့် ကိုယ်ဖာသာကိုစိတ်ညစ်နေတာ သူကဘယ်သိသွားလည်းမသိဘူး
သူ့အိမ်ကိုတောင်ဖိတ်နေသေးသည်။

"လီဗိုင်(levi)...!"

နားထဲကို စူးနေအောင်ဝင်လာတဲ့အသံကြောင့် သူအတွေးတွေတောင် ကြက်ပျောက်ငှက်ပျောက်သွားသလို ထိုအသံဟာလှည့်ကြည့်နေစရာမလို သူ့ရဲ့ ချစ်သူငယ်ချင်ကြီး ဟန်ဂျီ(hange)ပင်ဖြစ်သည်။သူမကတော့
အာဝင်းဆိုသူထက်တောင်အဆပေါင်းများစွာဆိုးအုံးမည် ငယ်ပေါင်းမို့သည်းခံနေလည်းအလိုက်ဆိုးရယ်လိုတစ်ဆက်မှမသိ သူလုပ်ချင်တာပဲလုပ်တဲ့လေးလုံးမ

"ဘာလဲ"

"အသံကလည်းမသာယာလိုက်တာဟာ..
လီဗိုင်..မနက်ဖြန်ငါ့သားလေးမွေးနေ့လာခဲ့နော်"

ကျောင်သူတစ်ယောက်အရွယ်သာရှိသေးသော်လည်း သူ့လောက်သားသမီးပေါ်တဲ့သူမရှိတဲ့ ဟန်ဂျီကြောင့် လီဗိုင် သက်ပြင်းတစ်ချက်ချမိသည်။

"ဘာလဲ ဟိုမြွေပဲလား"

"မဟုတ်ပါဘူး ဒီတစ်ခါ ငါမနေ့ရမွေးထားတဲ့  ပိုးဟပ်လေးရဲ့ မွေးနေ့လေ သူကငါ့ဆီရောက်တာမကြာသေးပေမယ့်ငါ့စကားအရမ်းနားထားတာလေ ငါ့သားလေးအရမ်းချစ်ဖို့ကောင်းတာ "

ပိုးဟပ်တောင်အထီးအမ ဘယ်လိုခွဲလိုက်မှန်းမသိတဲ့ သူ့သူငယ်ချင်းမလေးဟာ သူ့ထူဆန်းတဲ့သတ္တဝါတွေအကြောင်းပြောပြီးမျက်လုံးတွေကအရောင်မျိုးစုံတောက်နေတော့သည်။

𝚌𝚘𝚏𝚏𝚎𝚎 🅔︎🅡︎🅤︎🅡︎🅘︎Where stories live. Discover now